The Academy of Motion Picture Arts and Science က အော်စကာဆုပဏာမ အမည်စာရင်းမှာပါသူတွေကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဟောလိဝုဒ် Beverly Hill မှာ နေ့လယ်စာနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့သိရပါတယ်။ လာမယ့် မတ်လ ၇ ရက်နေ့မှာ ဆုပေးပွဲအခမ်းအနားကျင်းပတော့မယ့် အဆိုပါ အော်စကာဆုပေးပွဲအတွက် ပဏာမအမည် စာရင်းပါသူတွေဟာ စိတ်လှုပ်ရှားစွာနဲ့ နေ့လယ်စာစားပွဲကို တက်ရောက်ခဲ့ကြပြီး အော်စကာပဏာမ အမည်စာရင်းမှာ ပထမဆုံး အကြိမ်ပါဝင်ခဲ့သူ အသက် ၄၅ နှစ်ရှိ Blind Side ရုပ်ရှင်ဇာတ်ကားက မင်းသမီး စန်ဒရာဘူးလော့က ''အခုအဆင့်မှာတင် ကျွန်မ အတော်ကျေနပ်နေပါပြီ။ ဒီထက်တော့ အောက်မကျချင်တော့ပါဘူး''လို့ စိတ်လှုပ်ရှားစွာ ပြောကြားသွားပါတယ်။ ဆုပေးပွဲကို ဦးဆောင်ကျင်းပတဲ့ The Academy of Motion Picture Arts and Sciences ရဲ့ ဥက္ကဌဖြစ်သူ Tom Sherakက ''ဒီနှစ်ကတော့ ပိုမိုအသက်ဝင်ပြီး အတော်ကို စိတ်လှုပ်ရှားစရာကောင်းတာတွေ ဒီထက်မက တွေ့ကြရဦးမှာပါ''လို့ အဆိုပါ နေ့လယ်စာ စားပွဲမှာ ပြောကြားသွားပါတယ်။
Background