Main menu

Background

ဧပြီလမှ အောက်တိုဘာလအတွင်း အိန္ဒိယမှအရေးကြီးကုန်အမယ် တင်သွင်းမှုမြင့်တက်

Sat, 02/06/2010 - 10:40 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံရဲ့ အရေးကြီးကုန်ပစ္စည်းအမယ်တွေတင်သွင်းမှုဟာ ၂ဝဝ၉ ခုနှစ် ဧပြီ-အောက်တို ဘာလအတွင်းက ၂ဝဝ၈ ခုနှစ်အလားတူ ကာလနဲ့ နှိုင်းယှဉ်ရင် ၃၄ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက် ပြီး ရူပီး ၃၅၄၈၇ ကုဋေ(ဒေါ်လာ ၇ ဒသမ ၆၆ ဘီလီယံ) ဖိုးရှိခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ကုန်စည် အားလုံးရဲ့ တင်သွင်းမှုကတော့ ၂ဝဝ၈ ခုနှစ် အလားတူ ကာလက ဒေါ်လာ ၁၉၇ ဒသမ ၉၄ ဘီလီယံရှိခဲ့ရာမှ ဒေါ်လာ ၁၅၄ ဒသမ ၇၅ ဘီလီယံသို့ ကျဆင်းခဲ့ပါတယ်။    ဒီကာလအတွင်းမှာ မော်တော်ကား၊ ဝါဂွမ်းနဲ့ ပိုးထည်၊ အရက်နဲ့ အဖျော်ယမကာ ပစ္စည်းတွေ ကတော့ ကျဆင်းခဲ့ပါတယ်။ စားသုံးဆီ၊ ပဲအမျိုးမျိုး၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊ ရော်ဘာ၊ နို့နဲ့နို့ထွက်ပစ္စည်းစတဲ့ အခြားသွင်းကုန်တွေကတော့ မြင့်တက်ခဲ့ပါတယ်။    စားသုံးဆီတင်သွင်းမှုဟာ ၂ဝဝ၈ ခုနှစ်က ဒေါ်လာ ၁ ဒသမ ၇၇ ဘီလီယံဖိုးရှိခဲ့ရာမှ ၂ဝဝ၉ ခုနှစ်မှာ ဒေါ်လာ ၃ ဒသမ ဝ၆ ဘီလီယံဖိုး အထိတိုးတက်လာခဲ့ပါတယ်။ အရေးကြီးပစ္စည်းများ သွင်းယူရာမှာ အင်ဒိုနီးရှား၊ တရုတ်၊ မြန်မာ၊ ဘရာဇီးလ်၊ မလေးရှား၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါ၊ ယူကရိန်း၊ အာဂျင် တီးနား၊ သြစတြေးလျ၊ ဘီနင်နဲ့ ဂီနီ ဘစ်ဆောတို့က မှာယူ တင်သွင်းမှုကမြင့်တက်ခဲ့ပါတယ်။ တောင်ကိုရီးယား၊ ဂျာမနီ၊ ထိုင်းနဲ့ ချက်သမ္မတနိုင်ငံတို့ကနေ တင်သွင်းမှုတော့ ကျဆင်းခဲ့ပါတယ်။RTTNews.com