Main menu

Background

၂ဝ၁ဝ ခုနှစ်မှာ ဗီယက်နမ်ရော်ဘာတင်ပို့မှု ၃ ရာခိုင်နှုန်း မြင့်တက်နိုင်

Wed, 02/03/2010 - 06:46 -- Anonymous (not verified)

    ဒီနှစ်ဗီယက်နမ်နိုင်ငံရဲ့ ရော်ဘာတင်ပို့မှုကို တန်ချိန် ၇၅ဝဝဝဝ ထိရှိနိုင်ပြီး မနှစ်ကထက် ၃ဒသမ၃ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်မယ်လို့ ရာဘာလုပ်ငန်းကဆိုပါတယ်။    ဒါပေမယ့်ဗီယက်နမ်နိုင်ငံရဲ့ ပို့ကုန်တိုးမြှင့်မှုဟာ တန်ချိန် ၂ဒသမ၈ သန်းတင်ပို့နိုင်မယ်လို့ ခန့်မှန်းထားတဲ့ ကမ္ဘာ့ရော်ဘာထိပ်တန်း တင်ပို့တဲ့ ထိုင်းနိုင်ငံ နဲ့နှိုင်းယှဉ်ရင်တော့ပမာဏ နည်းနေပါသေးတယ်။ ဒီနှစ်ရော်ဘာဈေးနှုန်းဟာ နှစ်၅ဝကျော်မှာ အမြင့်ဆုံးဈေးနှုန်း ဖြစ်ပေါ်နေပါတယ်။    ဒီလို ပို့ကုန်တိုးမြှင့်တဲ့ ရည်မှန်းချက်ဟာ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားနိုင်ငံတွေလို သွင်းကုန်တင်သွင်းတဲ့ နိုင်ငံတွေမှာ စီးပွားရေးပြန် လည် ဦးမော့လာမှုပေါ် မူတည်တယ် လို့ ဗီယက်နမ်နိုင်ငံ ရော်ဘာအသင်းရဲ့ အထွေထွေ အတွင်းရေးမှူး Tran Thi Thuy Hao ကရိုက် တာသတင်းဌာနနဲ့ အင်တာဗူျးမှာပြောကြားခဲ့ပါတယ်။    တရုတ်နိုင်ငံရဲ့စီးပွား ရေးဟာ ၂ဝ၁ဝခုနှစ်မှာပိုမိုလျင်မြန်စွာကြီးထွား လာနိုင်ဖွယ်ရှိတယ်လို့ခန့်မှန်းကြပါ တယ်။၂ဝဝ၉ ခုနှစ်မှာ တရုတ် နိုင်ငံက ဗီယက်နမ်နိုင်ငံ ရော်ဘာပို့ကုန် စုစု ပေါင်းရဲ့ ၆၇ ရာခိုင်နှုန်းကို တင် သွင်းခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံက ၂ဝဝ၉ ခုနှစ်မှာ ရော်ဘာ တန်ချိန် ၇၂၆ဝဝဝ တန်တင်ပို့နိုင်ခဲ့လို့ ၂ဝဝ၈ ခုနှစ်ထက် ၁ဝဒသမ ၃ ရာခိုင်နှုန်း ပိုမိုခဲ့ပါတယ်။ ဗီယက်နမ်ရော်ဘာတင်ပို့တဲ့ အခြား နိုင်ငံတွေကတော့ ဂျပန်၊ ရုရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံတို့ဖြစ်တယ်လို့သိရပါတယ်။ှ                                                                                                               Source...vnnews .com                                                                                                                            KMMH