Main menu

Background

၂ဝ၁ဝ ဂရမ်မီဆုပေးပွဲကို စိုးမိုးထားနိုင်ခဲ့တဲ့ ဘေယွန်စီ နဲ့ တေလာဆွစ်

Wed, 02/17/2010 - 13:49 -- Anonymous (not verified)

   (၅၂) ကြိမ်မြောက် ဂရမ်မီဆု ပေး ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့က လော့ အိန်ဂျလိစ်မြို့ Staples Center  မှာ ကျင်းပပြုလုပ်ရာ အသက် (၂၈)နှစ်အရွယ် ဂီတနတ်မိမယ်လို့ အများတင်စားနေကြတဲ့ ဘေယွန်စီ က ဆုပေါင်း ခြောက်ဆု၊ အသက် (၂ဝ)သာရှိသေးတဲ့ တေလာဆွစ်က ဆုပေါင်း လေးဆုနဲ့ ၂ဝ၁ဝ ဂရမ်မီ ဆုပေးပွဲကို လွှမ်းမိုးနေရာယူထား ပါတယ်လို့ သတင်းများက ဖော်ပြကြ ပါတယ်။   ဂရမ်မီရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Song of the year ဆုကို ဘေယွန်စီ ရဲ့  Single Ladies (Put a ring on it) သီချင်းနဲ့ ဆွတ်ခူးခဲ့ပြီး Single Ladies နဲ့ပဲ Best  female R&B vocal and best R&B songဆုတွေဆွတ်ခူးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘေယွန်စီဟာ At  last သီချင်းနဲ့ Best Traditional R&B Vocal ဆုနဲ့ I am ..  Sasha Fierceသီချင်းနဲ့ Best R&B Contemporary Album  ဆုတွေ   ဆွတ်ခူးခဲ့သေးတယ်လို့ သိရပါတယ်။   တေလာဆွစ်ကလည်း  ယခုနှစ် အမြင့်ဆုံးဆု ဖြစ်တဲ့Album of the year  ဆုကို Fearless Album အပြင် အဆိုပါ  အယ်လ်ဘန် နဲ့ပဲ Best Country Album ဆု၊  White Horse နဲ့ Best Country Song အပြင်၊ Best Female Country Vocal ဆုတွေ ဆွတ်ခူးခဲ့တာလို့ သိရပါတယ်။