Main menu

Background

၂ဝ၁ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံခြား ကုန်သွယ်မှုတွင် အခက်အခဲများပိုတွေ့နိုင်

Thu, 03/11/2010 - 05:18 -- Anonymous (not verified)

     တရုတ်စီးပွားရေးပြန်လည် နာလန်ထူလာချိန်တွင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတို့မှာ အလုပ်လက်မဲ့နှုန်း တိုးတက်နေဆဲဖြစ်တဲ့အတွက် တရုတ်ပြည်အပေါ်မှာ ကုန်သွယ်မှုဆိုင်ရာ ကုစားမှုများကို ဆောင်ရွက်နေရဦးမှာဖြစ်တယ်။ ဒါကြောင့် တရုတ်ကုန်သွယ်မှုအပေါ် ဖိအားပေးမှုတွေရှိလာနိုင်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလူျတီအို) ဆိုင်ရာ တရုတ်သံအမတ် ဆန်းဇင်ယုက မတ်လ ၄ ရက်နေ့က ပြောကြားပါတယ်။     ဒိုဟာဆွေးနွေးပွဲတွေ ယခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကမ္ဘာကြီးက အကြီးအကျယ် မျှော်လင့် ထားကြောင်း၊ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက သူတို့ပို့ကုန်တွေ တိုးမြှင့်ဖို့နဲ့ အလုပ်အကိုင် ဖန်တီးရေးကိုသာ အား သန်နေပြီး ဒိုဟာ အရေးကိစ္စက သူ့ရဲ့ဦးစားပေးလုပ်ငန်းမဟုတ်ပါဘူးလို့ ဆန်းက ပြောပါတယ်။ ဒါကြောင့် ဆွေးနွေးပွဲ တွေဟာ ဒီနှစ်ထဲမှာ  အဆုံးသတ်ဖို့လမ်းမမြင်ပါဘူးလို့ သူကပြောပါတယ်။Source:chinadaily.com