Main menu

Background

၂ဝ၁ဝ ပြည့်နှစ်မှာ ကမ္ဘာ့လေကြောင်းလိုင်းတို့ အရှုံးပြနိုင်

Wed, 02/03/2010 - 08:48 -- Anonymous (not verified)

    ကမ္ဘာ့လေကြောင်းလိုင်းတွေဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ ဆုံးရှုံးမှုဒေါ်လာ ၁၁ ဘီလီယံခန့် ရှိနိုင် တယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအသင်းက ခန့်မှန်းထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် မှာ လေကြောင်းသွားခရီးသည် တိုးတက်လာနိုင်သလို လေကြောင်းသယ်ကုန်ပစ္စည်း ပမာဏ လည်း တိုးတက်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းအသင်းမှ အမှုဆောင် အရာရှိချုပ် ဂီယိုဗန်နီဘီဆစ်နာနီက ပြောကြားပါတယ်။    လာမဲ့နှစ်မှာ ဥရောပလေကြောင်းလိုင်းတွေဟာ ပိုပြီးဆုံးရှုံးမှုများ နိုင်ပြီး ၂ ဒသမ ၅ ဘီလီယံ ဖိုးရှိမယ်၊ မြောက်အမေရိကလေကြောင်းလိုင်းတွေကတော့ ဒေါ်လာ ၂ ဘီလီယံဖိုးဆုံးရှုံး နိုင်တယ် လို့ဆိုပါတယ်။ အကြီးမားဆုံးတိုးတက်မှုရှိနိုင်တာက အာရှ-ပစိဖိတ်ကုန်သယ်လေယာဉ်တွေဖြစ်ပြီး လက်တင်အမေရိကလေကြောင်းလိုင်းတွေကတော့ ဒေသတွင်းမှာ အကျိုးအမြတ်အများဆုံး ရနိုင် ပါတယ်။bbc.co.UK