Main menu

Background

၂ဝ၁ဝ ပြည့်နှစ်မှာ ချိုင်းနားဖေါအုပ်စုက ရောင်းအားမြှင့်မည်

Wed, 02/03/2010 - 07:45 -- Anonymous (not verified)

    ချိုင်းနားဖေါဂရုကော်ပိုရေးရှင်းက ၂ဝ၁ဝ ပြည့်နှစ်အတွက် မော်တော်ကားရောင်းအား စီးရေ ၂ ဒသမ ၃ သန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့တဲ့အတွက် ၂ဝဝ၉ ခုနှစ်ကထက် ၁၈ ဒသမ ၃ ရာခိုင် နှုန်းပိုမိုမြင့်တက်ခဲ့တယ်လို့ လေ့လာမှုတစ်ခုမှာ ဇန်နဝါရီ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်မှာ ချိုင်းနားဖေါဂရုရဲ့ မော်တော်ကားရောင်းအားကို ၂ဝဝ၉ ခုနှစ်ကထက် ၁၁ ဒသမ ၂ ရာခိုင်နှုန်းတိုးပြီး ယွမ် ဘီလီယံ ၂၉ဝ (ဒေါ်လာ ၄၂ ဒသမ ၅ ဘီလီယံ) ရှိမယ်လို့ ခန့်မှန်းထား ကြောင်း ဖေါဂရုရဲ့ ဒုတိယအထွေထွေမန်နေဂျာ ချင်းယီက ပြောပါတယ်။    ၂ဝဝ၉ ခုနှစ်က မော်တော်ကားရောင်းအား ခိုင်မာလာရတာဟာ ဝယ်ခွန်တွေလျှော့ချတာနဲ့ အသေးစားကားဝယ်ယူသူတွေကို ထောက်ပံ့ကြေးတွေပေးတဲ့ ကျေးဇူးကြောင့်ဖြစ်တယ်လို့ ဆိုပါ တယ်။ ၂ဝဝ၉ ခုနှစ်က ရောင်းချရတဲ့ မော်တော်ကားစင်းရေက ၁ ဒသမ ၉၅ သန်းရှိပြီး ရရှိငွေက ယွမ် ၂၆ဝ ဒသမ ၈ ဘီလီယံရှိပါတယ်။Xinhua