Main menu

Background

၂၀၁၀ ၏ ပထဦးဆုံးနည်းပညာပြပွဲ မတ်လတွင်ကျင်းပမည်

Wed, 02/10/2010 - 03:03 -- Anonymous (not verified)

    သတင်းအချက်အလက်နှင့် နည်းပညာပြပွဲများကို နှစ်စဉ်နှစ်တိုင်းပြုလုပ်လေ့ရှိရာ ၂၀၁၀၏ ပထမဦးဆုံးနည်းပညာပြပွဲကို မတ်လတွင်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်းမှ သိရသည်။    အဆိုပါပြပွဲကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (MCPA) မှ ဦးစီးကျင်းပမည်ဖြစ်ပြီး နည်းပညာ ပြပွဲများပြုလုပ်နေ ကျ ရန်ကုန်မြို့ ဦးဝိစာရလမ်းမပေါ်ရှိ တပ်မတော်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။     ပြပွဲတွင် ပြည်တွင်းနည်းပညာကုမ္ပဏီများ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း ဖြန့်ဖြူးရောင်းချသော ကုမ္ပဏီများ ဝင်ရောက်ပြသ သွားမည်ဖြစ်ပြီး ပါဝင်ပြသသောကုမ္ပဏီအများစုမှာ ၎င်းင်းတို့ပြသသည့်နည်းပညာပစ္စည်းများကို အထူးလျှော့ဈေးများဖြင့် ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ဝင်ရောက်ပြသလိုသော ကုမ္ပဏီများအနေဖြင့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်အထိ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (MCPA) သို့ စာရင်းပေးသွင်း နိုင်ကြောင်းသိရသည်။