Main menu

Background

(၃၈) အထူးယာဉ်လိုင်းပြေးဆွဲရန် မထသစီစဉ်နေ

Mon, 03/01/2010 - 09:11 -- Anonymous (not verified)

  မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ)မှ (၃၈)အထူးယာဉ်လိုင်းသစ်တစ်ခု ပြေးဆွဲပေးရန် စီစဉ်နေကြောင်း သိရသည်။အဆိုပါယာဉ်လိုင်းပြေးဆွဲရန်ပြည်ပမှမကြာမီကရောက်ရှိလာသော ယာဉ်ကြီးများအနက်အစီး၂၀ကိုပြင်ဆင်မှုများပြုလုပ်နေ ပြီး မကြာမီလိုင်းဆွဲနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။   (၃၈)အထူးယာဉ်လိုင်းသည် ယခင် (၃၈) ဒိုင်နာအဝါနှင့်အစိမ်းယာဉ်များ လမ်းကြောင်းအတိုင်း ဝင်ရောက်ပြေးဆွဲပေးမှာဖြစ်ကြောင်း၊ အမြန်ဆုံး ပြေးဆွဲပေးနိုင်ရန်  စီစဉ်နေကြောင်း မထသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယခုပြေးဆွဲမည့်ယာဉ်စီးရေ၂၀ အပြင်ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရန် ပြည်ပမှယာဉ်များ ထပ်မံမှာယူထားကြောင်း၊ အခြားယာဉ်လိုင်းများ တွင်လည်း ယာဉ်များ ထပ်မံတိုးချဲ့ပြေးဆွဲပေးရန်ရှိကြောင်း သိရသည်။       လွင်လွင်မိုး