Main menu

Background

(၇) ရက်သားသမီးများအတွက် စီးပွားရေးအကြံပေးဟောကိန်း ၁၄-၁၁-၂၀၁၁ မှ ၂၀-၁၁-၂၀၁၁ အထိ

Tue, 11/15/2011 - 06:40 -- Anonymous (not verified)

(ဒေါ်မြတ်မြတ်အေး)  မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့

တနင်္ဂနွေသားသမီးများအတွက်    အလုပ်ကိစ္စနဲ့အိမ်မှုကိစ္စများ တစ်ပြိုင်နက် ရှုပ်ထွေးနေရချိန်ဖြစ်သည်။ အိမ်ထောင်ဘက်ကြောင့် စီးပွားရေး ကောင်းမည်။ ဇိမ်ခံပစ္စည်းလက်ဆောင်ရမည်။ဓာတု ဗေဒနှင့်ပတ်သက်သော အရောင်းအဝယ်များမှ အမြတ်အစွန်းရ မည်။ ကားတင်သွင်းခြင်းလုပ်ငန်းမှ ငွေကုန်ပြီး အကြိုက်မတွေ့ဖြစ်နေမည်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံထားသည်များမှ အရှုံးပေါ်တတ်သည်။ခရီးသွားလုပ်ငန်း များမှာ အဆင်ပြေမည်။ နိုင်ငံခြား လူမျိုးခြားစီးပွားဆက်သွယ်ရေးလုပ်ငန်းများ ကြန့် ကြာနေတတ်သည်။

ယတြာ။ ။ ကြာဆံကျော် လှူဒါန်းပါ။

 

တနင်္လာသားသမီးများအတွက်   အပြောင်းအလဲအမျိူးမျိူးကြား မှ အဆင်ပြေမည်။ လုပ်ချင်သောကိစ္စများပြီး လုပ်နိုင်သော ကိစ္စများ နည်းနေတတ်သည်။ စီးပွားဆက်သွယ်ရေး ကောင်းသော်လည်း ထင်သလောက် ငွေမရတတ်ပါ။ မြှုပ်နှံထားသော လုပ်ငန်းများမှ ငွေပြန်ဝင်မည်။ မုန့်မျိုးစုံလုပ်ကိုင်သော လုပ်ငန်း၊ မြေယာများကို အခြေပြု၍လုပ်သောလုပ်ငန်းများ အဆင်ပြေအောင်မြင်တိုးတက်မည်။ ခရီးသွားလုပ်ငန်း များမှပြဿနာပေါ်တတ်သည်။ စိုက်ပျိုးရေးပစ္စည်း ရောင်းဝယ်သော လုပ်ငန်းများ အဆင်ပြေမည်။

ယတြာ။ ။ ဆီးယိုကို ဘုရားကပ်လှူပါ။

 

အဂါၤသားသမီးများအတွက် မည်သည့်လုပ်ငန်းမဆို အဆင်ပြေ အောင်မြင်တိုးတက်မည်။ လုပ်ငန်းမှငွေများရရှိမည်။ ငွေရှာရလွယ် မည့်အချိန်ကာလဖြစ်သည်။ အလုပ်ကိစ္စတိုင်းတွင် စကားပြောဆို ငြင်းခုန်ရသောကိစ္စများ ရှိတတ်သည်။ မြှုပ်နှံထားသော ကိစ္စများ မှ ငွေပြန်ရမည်။ ဆွေမျိုးသားခြင်းများကြောင့် စီးပွားပျက်တတ်သည်။ ကားလုပ်ငန်း၊ အိမ်လုပ်ငန်း၊ ယာဉ်ရထားနှင့်ပတ်သက်သောလုပ်ငန်းများ အကျိုး ပေးမည်။ မြေအရောင်းအဝယ်လုပ်လျှင် မကောင်းပါ။ ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်လျှင် စာရွက်စာတမ်းများကြောင့် စိတ်ညစ်ညူးရတတ်သည်။

ယတြာ။ ။ ဘူးသီးနှင့် ကြက်သားဟင်းချက်၍ မိတ်ဆွေများကိုကျွေးပါ။

 

ဗုဒ္ဓဟူးသားသမီးများအတွက် ပညာနှင့်လုပ်ကိုင်သော လုပ်ငန်းများ အဆင်ပြေမည်။ ဝင်ငွေတိုးမည်။ အောက်လက်ငယ်သား အတူနေအိမ်သားများကြောင့် စိတ်ဆင်းရဲမည်။ အလုပ်ကိစ္စများ၊ အရောင်းအဝယ်လုပ်ငန်းများ ကျော်ကြားပြီး ဝင်ငွေနည်းနေတတ် သည်။ ခရီးသွားလုပ်ငန်းများ အဆင်ပြေမည်။ နိုင်ငံရပ်ခြား စီးပွား ဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေမည်။ ရေနှင့်ပတ်သက်သောလုပ်ငန်းများ အရှုံး ပေါ်မည်။ နေရာပြောင်း၍လုပ်ကိုင်ပါက အဆင်ပြေမည်။ ယာယီကြုံကြိုက်သောလုပ် ငန်းများမှ အမြတ်ရမည်။

ယတြာ။ ။ ပန်းမျိုးစုံဘုရားလှူပါ။

 

ကြာသပတေးသားသမီးများအတွက် အိမ်ခြံမြေ၊ကားအရောင်း အဝယ်လုပ်ငန်း၊ ပွဲစားလုပ်ငန်းများအဆင်ပြေမည်။ စကားပြော အဆိုမှားတတ်၍ စိတ်ညစ်ရမည်။ အလုပ်နှင့်ပတ်သက်၍ လည်း ကောင်း၊ မိသားစုနှင့်ပတ်သက်၍ လည်းကောင်း စိတ်ပူပင်မှု လျော့ နည်းမည်။ ဥစ္စာဓနပြည့်စုံမည်။ ပတ်ဝန်းကျင်တွင် ထင်ပေါ်ကျော် ကြားမည်။ စက်ပစ္စည်းနှင့်ပတ်သက်သော အင်္ဂါနံအလုပ်အကိုင်များ အဆင်ပြေမည်။ လယ်ယာ သီးနှံဆန်စပါးတို့မှ အမြတ်ရရှိမည်။ ဖက်စပ်လုပ်ငန်းများတွင် အတိုက်အခံ ပေါတတ်သည်။ နိုင်ငံရပ်ခြားစီးပွားရေးသမားများ မိတ်ဆွေကောင်းများနှင့်တွေ့ပြီး အောင်မြင်တတ်သည်။

ယတြာ။ ။ မုန့်လုံးရေပေါ် ဘုရားကပ်ပါ။

 

သောကြာသားသမီးများအတွက် ချစ်သူခင်သူ မိတ်ဆွေများမှ အလုပ်ကိစ္စ ပေါ်ပေါက်တတ်သည်။ ကျွမ်းကျင်သောပညာဖြင့် လုပ် ငန်းလုပ်ကိုင်ပြီး ဂုဏ်သိက္ခာမြင့်မားတတ်သည်။ လုပ်ကိုင်သောလုပ်ငန်းများ၏ ကောင်းကျိုးကိုခံစားရမည်။ အခြွေအရံနှင့် ပြည့်စုံပြီးပျော်ရွှင်နေရတတ်သည်။ ခရီးသွားလာခြင်းများမှ အလုပ်ရရှိမည်။ အိမ်တွင်းစီးပွားရေး ကောင်းမွန်မည်။ ပြိုင်ဘက်များကိုအနိုင်ရ၍ ထင်ပေါ်ကျော်စော မည်။ ဘာသာရေးကိစ္စများကို အားတက်သရော ပြုလုပ်နေလိမ့်မည်။ စပ်တူလုပ်ငန်းများအကျိုးမပေးပါ။

ယတြာ။ ။ ရေမွှေးလက်ဆောင်ပေးပါ။

 

စနေသားသမီးများအတွက် အခက်အခဲများမှ ကျော်လွှားပြီး စိတ်အေးနေမည့်အချိန်ဖြစ်သည်။ လုပ်ငန်းများမှ အဆင်ပြေမည့် အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သွားသွားလာလာ လှုပ်လှုပ်ရှားရှား လုပ်ကိုင်ပါမှ အဆင်ပြေမည်။ စကားပြောဆင်ခြင်၍၊ စိတ်ဓာတ်ကိုပြုပြင်ပါမှ အထက်သို့ရောက်မည်။ အောက်ခြေလူတန်းစားများနှင့် အဆင်မပြေဖြစ်မည်။ ဘာသာခြား လူမျိုးခြားများကြောင့် စိတ်ဆင်းရဲမည်။ ဗုဒ္ဓဟူးနံလုပ်ငန်းများပြန်လည်အဆင်ပြေမည်။ ခရီးသွားလုပ်ငန်းများမှ ပြဿနာဖြစ် တတ်သည်။ ရေနှင့်ပတ်သက်သောလုပ်ငန်း အကျိုးပေးမည်။

ယတြာ။ ။ ဘုရားတွင် ထီးအနီရောင်လှူဒါန်းပါ။