Main menu

Background

(၇) ရက် သားသမီးများအတွက် စီးပွားရေး အကြံပေးဟောကိန်း ၁၂-၃-၂၀၁၂ မှ ၁၈-၃-၂၀၁၂ ရက်နေ့အထိ ဒေါ်မြတ်မြတ်အေး (မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့)

Tue, 03/13/2012 - 07:43 -- Anonymous (not verified)

တနင်္ဂနွေသားသမီးများအတွက် အကြံအစည်များ တိုးတက်အောင် မြင်မည့်ကာလ ရောက်လာတော့မည့်အချိန်ဖြစ်ပါသည်။ ကြုံဆုံလာရ သော အခြေအနေ အချိန်အခါကိုကြည့်ပြီး အေးဆေးစွာ စီစဉ်ဆောင် ရွက်ပါက မထင်မှတ်သော ဘဝအဆစ်အချိုး အပြောင်းအလဲများနှင့် ကြုံပြီးကောင်းမွန်လာပါမည်။ ကောက်ပဲသီးနှံနှင့် ဆန်စပါး ရောင်း ဝယ်တင်ပို့မှု အမြတ်အစွန်းနည်းသော်လည်းလုပ်ငန်းလည်ပတ်မှု အဆင်ပြေပါလိမ့်မည်။ စီးပွားဆက်သွယ်ရေး ကောင်းမွန်မှုကြောင့် ဘဝတွင်တိုးတက်မြင့်မားအောင်မြင်ပါလိမ့်မည်။
ယတြာ။ ။ အောင်သပြေပန်းကို ဘုရားတွင် မညှိုးအောင်ကပ်လှူပါ။

တနင်္လာသားသမီးများအတွက် ဘဝအလှည့်အပြောင်းများကြောင့် စိတ်ပင်ပန်း ဆင်းရဲခြင်းများ  ကြုံတွေ့ရတတ်သည်။  ကြိုးစားပြီး တောင့်ခံထားပါ။ အလှည့်ရောက်ပါတော့မည်။ အထင်သေးခြင်း များကိုဖြေဖျောက်ပြီး မထင်မှတ်သောအခြေအနေကို ရောက်တော့ မည့်အချိန်ဖြစ်သည်။ မိတ်ဆွေကောင်းများနှင့် ကြုံတွေ့ရပြီး ဘဝတက် လမ်းပွင့်မည်။ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကားဝယ်ရောင်းလုပ်ငန်းများ အဆင်ပြေမည်။ ရေကြောင်းခရီးသွားလာရေးကိစ္စများ၊ ပြည်ပခရီးသွားလာရေး ကိစ္စများကြန့် ကြာတတ်သည်။
ယတြာ။ ။ ဘိန်းမုန့်အဖြူ ဘုရားကိုကပ်လှူပါ။

 

 

 

အင်္ဂါသားသမီးများအတွက် ဆွေမျိုးသားခြင်း ညီအစ်ကိုမောင်နှမ များမိဘများကြောင့် စိတ်သောကရောက်မည်။ အလုပ်နေရာ၊ အိမ် နေရာ အပြောင်းအလဲရှိမည်။ ပြောင်းပြီးပါက ချမ်းသာခြင်းရောက်  မည်။  ရင်းနှီးသောမိတ်ဆွေများမှ ကူညီမည်။ အလုပ်လျှောက်ထား ပါက ကောင်းမွန်သောအလုပ်အဆင့်အတန်းမြင့်သောနေရာ၌ အလုပ် ရမည်။ အပြောင်းအလဲများကို အရင်ကြုံတွေ့ရပြီးမှကောင်းမည်။ ခရီးသွားလုပ်ငန်း အကျိုး ပေးမည်။ စက်ပစ္စည်း၊ ယာဉ်စက်ပစ္စည်းရောင်းဝယ်ရေးအဆင်ပြေမည်။ စက်ပစ္စည်းများ မိမိထံသို့အကြောင်းအမျိုးမျိုးပြု၍ရောက်မည်။ ကောင်းပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ အစမှပြန်လုပ်ရတတ်သည်။
ယတြာ။ ။ ပန်းဖြူ ဘုရားတွင်လှူဒါန်းပါ။

ဗုဒ္ဓဟူးသားသမီးများအတွက် စိတ်သောကကင်းပြီး ပညာနှင့်ပတ် သက်သောလုပ်ငန်းများ လုပ်ကိုင်ရတတ်သည်။ ဘေးရန်အန္တရာယ် များမှ ကင်းလွတ်ဝေးရန်ဘုရားဂုဏ်တော်ကို ရွတ်ဖတ်ပေးပါက အောင် မြင်မည်။ အထက်လူကြီး၊ မိဘများမှ စောင့်ရှောက်ခြင်းကိုခံရမည်။ စီးပွားရေးလုပ်ငန်းရှင်များ အပြောင်းအလဲများခြင်းမရှိဘဲ ပုံမှန်အတိုင်း ရှိနေလိမ့်မည်။ အပေါင်းအသင်းမိတ်ဆွေများကြောင့်ဂုဏ်တက်ခြင်းနှင့် ဂုဏ်ပျက်ခြင်းကြုံ မည်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောလုပ်ငန်းရှင်များအဆင်ပြေမည်။ ဘုရားဖူးခရီးထွက်ရမည်။
ယတြာ။ ။ ချစ်ခင်သောသူများကို မုန့်ဝယ်ကျွေးလိုက်ပါ။

ကြာသပတေးသားသမီးများအတွက် ဘဝအခြေအနေမြင့်မားသော အခြေခံအကြောင်းအရင်းများ ပေါ်ပေါက်လာမည်။ ဂုဏ်ကျက်သရေ ရှိသောကိစ္စရပ်များကို ဆောင်ရွက်ရတတ်သည်။ ဆွေးမျိုးမိတ်ဆွေ အပေါင်းအသင်းများ၏ ချစ်ခင်ခြင်းကိုခံရတတ်သည်။ အောက်လက် ငယ်သားတော်လှန်တတ်သည်။ ရွှေ၊ ငွေကျောက်မျက်ရတနာများ ဝင် တတ်သည်။ အိမ်မြေအသစ်ဝင်တတ်သည်။ အလုပ်အကိုင်အသစ်၊ အခွင့်အလမ်းအသစ် များကြုံရတတ်သည်။ ဆေးသောက်မှားတတ်သည်။ အစာမှားတတ်သည်။ ရေများများ သောက်၍ ရောဂါကိုကုသပါ။ အာရုံကြောရောဂါများ ခံစားရတတ်သည်။
ယတြာ။ ။ ရွှေသင်္ကန်းကပ်လှူပါ။

သောကြာသားသမီးများအတွက် မကောင်းကျိုးများ ပျောက်၍ ကောင်းကျိုးများ ရောက်မည်။ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ လာပြီး ကောင်းမွန်ချမ်းသာသော ကိစ္စရပ်များနှင့် ကြုံတွေ့မည်။ အဘက်ဘက်မှ ဝင်ငွေကောင်းမည်။ အလုပ်အသစ်များ ရမည်။ အတိုင်းအတာတစ်ခုအထိ ချမ်းသာခြင်းကြုံမည်။ မိတ်ဆွေများ၏ စောင့်ရှောက်မှုကြောင့် ကောင်းကျိုးများရမည်။ ကြံစည်မျှ အကျိုးပေးမည်။ စီးပွားရေး လုပ်ငန်းများ၊ အခွင့်အလမ်းများအသစ်ပေါ်လာသည့်အပေါ် ကောင်းမွန်စွာလျှောက်လှမ်း ပါ။ အချိန်ကောင်းဖြစ်ပါသည်။
ယတြာ။ ။ သစ်သီးများ ဘုရားလှူပါ။

စနေသားသမီးများအတွက် မည့်သည့်ကိစ္စမဆို စိတ်အေးအေးထား ၍ ကောင်းမွန်စွာဖြေရှင်းပါ။ အလုပ်အကိုင်ကို စိတ်ဝင်တစား အထိုင် ချလုပ်ကိုင်ပါ။ အချိန်ဖြုန်းခြင်းကို လျှော့ပါ။ ခရီးသွားလုပ်ငန်း၊ ကုန် ရောင်းကုန်ဝယ်လုပ်ငန်း၊ အကျိုးဆောင်လုပ်ငန်းများ အဆင်ပြေမည်။ ကား၊ ယာဉ်စက်ပစ္စည်းလုပ်ငန်းများ အဆင်မပြေတတ်ပါ။ နယ် စပ်စီးပွားဆက်သွယ်ရေးလုပ်ငန်းများ အဆင်ပြေမည်။ အိမ်နီးနားချင်းများကြောင့် စိတ် သောက ရောက်မည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အခက်အခဲကြုံရတတ်သည်။
ယတြာ။ ။ ဘုရားတွင် ဖရဲသီးလှူဒါန်းပါ။ ရေတစ်ခွက်လှူဒါန်းပြီး စွန့်၍ သောက်သုံးပါ။