Main menu

Background

အိန္ဒိယနနွင်းဈေးကျဆင်းပေမယ့် အရည်အသွေးကောင်းများ ဈေးပိုရ

Fri, 03/23/2012 - 09:57 -- Anonymous (not verified)

    အိန္ဒိယဈေးကွက်အချို့ကို နနွင်းဝင်ရောက်မှု ပိုမိုများပြားလာလို့ နနွင်းဈေးကျဆင်းပေမဲ့ အရည်အသွေး ကောင်း နနွင်း ကတော့မတ်လ ၁၄ ရက်မှာ ဈေးပိုရတယ်လို့သိရပါတယ်။ အီရော့နဲ့ သမဝါယမအသင်းဈေးဝင်းမှာ နနွင်း ၂ မျိုးလုံး တစ်တန် ရူပီး ၁၀၀၀ (ကန်ဒေါ်လာ ၁၉ ဒသမ ၈၇) ကျဆင်းပေမဲ့ အီရော့နနွင်းကုန်သည်များ အသင်းဈေးဝင်းမှာတော့ ဈေးပိုမိုခဲ့တယ် လို့သိရပါတယ်။ နနွင်းဝင်ရောက်မှု အိတ် ၂၀၀၀၀ နီးပါးရှိပြီး လက်ကျန်ရဲ့ ၅၀ ရာခိုင်နှုန်းခန့် ရောင်းချပြီးသွားပြီလို့သိရပါတယ်။    ဈေးဝင်းကို ဝင်ရောက်လာတဲ့နနွင်းသစ်များရဲ့ အရည်အသွေးကောင်းမွန်လို့ ဝယ်လက်တွေက ဈေးပိုပေးကြတယ်လို့ သိရပါတယ်။ ဝယ်လက်များက အရည်အသွေးကောင်း စပ်မျိုးနနွင်းတစ်တန် ရူပီး ၃၀၀၀ (ကန်ဒေါ်လာ ၆၀) ပိုပေးဝယ်ယူတယ် လို့ သိရပါတယ်။ ကုန်သည်တွေက ပြည်တွင်းမဆလာကုမ္ပဏီတွေရဲ့ အမှာအော်ဒါအတွက် ဝယ်ယူမှုရှိနေတယ်လို့သိရပါတယ်။    အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်းတစ်တန် ရူပီး ၂၄၉၉၀-၃၈၀၀၀ (ကန်ဒေါ်လာ ၄၉၇-၇၅၆ ) ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၂၄၈၀၀-၃၁၆၆၀ (ကန်ဒေါ်လာ ၄၉၃-၆၃၀) ရှိကြောင်းသိရပါတယ်။ယမင်းခင်၊Source: businessline