အိန္ဒိယနိုင်ငံ နာပါမှာရှိတဲ့ ဓာတ်ခွဲခန်းတစ်ခုမှ တရုတ် ကြက်သွန်ဖြူတွေမှာ အဆိပ်ဖြစ်စေတဲ့ မှိုပါဝင်ကြောင်း စမ်း သပ် တွေ့ရှိပြီးနောက်တရုတ်ကြက်သွန်ဖြူများကို ဖျက်ဆီးဖို့ တရားရုံးမှ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။ ယင်းကြက်သွန် ဖြူဟာလူစားသုံးရန်မသင့်တော်ကြောင်းနဲ့ စားသုံးသူအတွက် အန္တရာယ်ဖြစ်စေကြောင်း၊ အစားအသောက်နဲ့ ဆေးဝါးကွပ် ကဲရေး (FDA)အရာရှိ Maroj Tiwari မှ ပြောကြားပါ တယ်။ ကြက်သွန်ဖြူခြောက်ကို သေသေချာချာ စစ်ဆေးခဲ့ရာ ဘေးဖြစ်စေတဲ့ မှိုများပါဝင်တယ်ဆိုတာ တွေ့ရပါတယ်။ အဲဒီ မှိုတွေဟာလူသားများအတွက်အန္တရာယ်ဖြစ်စေသလိုတိရစ္ဆာန် အတွက်လည်း အသုံးမပြုသင့်တာကြောင့် ဖျက်ဆီးဖို့ တရား ရုံးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ Tiwari မှ ပြောကြားပါ တယ်။ ဓာတ်ခွဲခန်းမှ လေ့လာဆန်းစစ်သူများ တွေ့ရှိချက်အရ အစိုဓာတ်ပါဝင်မှုဟာ ၄၉ ရာခိုင်နှုန်းထက်မနည်း ရှိတယ်လို့ ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ အစောပိုင်းက တရုတ်ကြက် သွန်ဖြူ တန် ၁၅၀၀၀ - ၂၀၀၀၀ နီးပါး တင်သွင်းခဲ့ကြောင်း သိရပါတယ်။ယမင်းခင်၊Source: newstrackindia
Background