Main menu

Background

အဝင်နည်းပေမယ့် ဈေးပုံမှန်ရှိတဲ့ ပြည်ငရုတ်ခြောက်ဈေးကွက်

Fri, 03/23/2012 - 10:00 -- Anonymous (not verified)

    ပြည်ငရုတ်ခြောက်ဈေးကွက်မှာ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ် ပိဿာ ၂၀ ဝင်အိတ် ၃၀၀ ခန့်သာ ဝင်ရောက်ပြီး၊ အဝင်ဆက်လက်နည်းနေပါတယ်။ အဝင်နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာကို(ရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀-၃၀၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ်တို့ရှိပြီး ပုံမှန်ဈေးနဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်