မော်ဒယ် စီးပွားရေး
ကိုယ်ဟန်ပြမယ်လို့ ယခင်က မြန်မာပြန်ခဲ့ ပြီး ယခုတော့ မွေးစားစကားလုံးအဖြစ် အသုံး တွင်နေသည့် 'မော်ဒယ်'တို့၏သက်တမ်းမှာ များ သောအားဖြင့် တိုတောင်းလှသည်။ အချိန်တို အတွင်းမှာပင် မှေးမှိန်ပျောက်ကွယ်သွားတတ် သည်။ မော်ဒယ်အများစုရရှိကြသည့် အခကြေး ငွေမှာလည်း မပြောပလောက်ချေ။ ငယ်ရွယ်သူတို့ စိတ်ကူးအိပ်မက်မိခဲ့သလောက် တောက်ပြောင် ထည်ဝါသည့်ဘဝမျိုးလည်း ဖြစ်မလာတတ်ပေ။ သို့တိုင်အောင် မော်ဒယ်လုပ်ငန်းမှာ ပြောင်းလဲမှု များ ဖြစ်ပေါ်လာသည်။မော်ဒယ်လောကထဲသို့ ပညာတတ် အမျိုး သမီးတွေ ဝင်ရောက်လာကြသည်မှာ မယုံနိုင် လောက်အောင်ဖြစ်သည်။ Chanel ပြင်သစ် ရေ မွှေးနှင့် Hermès အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ရောင်းချသည့် ပြင်သစ်ကုမ္ပဏီတို့ အတွက် ကြော်ငြာများ လက်ခံရိုက်ကူးနေသည့် ဆံပင်နီနီနှင့် မော်ဒယ် လီလီကိုးလ် (Lily Cole) သည် မကြာသေးမီကပင် ကင်းဘရစ်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်သည်။ဗြိတိန်နိုင်ငံသူ မော်ဒယ်အသစ် ကလေး အေးဒီကင်းဘဲလ် (Edie Campbell) သည်လည်း လန်ဒန်မှ ကုတ်အော့လ်တ်အင်စတီ ကျုတွင် ပညာသင်ကြားနေသူဖြစ်သည်။ ဗြိတိန်မှ နာမည်ကြီးမော်ဒယ် ဂျက်ကက်တာဝှီးလား (Jacquetta Wheeler) ကတော့ အကျဉ်းသား များအခွင့်အရေးအတွက် စေတနာ့ဝန်ထမ်းဆောင် ရွက်နေသူဖြစ်သည်။"လွန်ခဲ့တဲ့ ဆယ်နှစ်က ငယ်ရွယ်နုနယ်ပြီး လှပချောမောတဲ့ မော်ဒယ်တွေသာ ခေတ်စားခဲ့ရာ က အခုတော့ ဗဟုသုတကြွယ်ဝတဲ့၊ ဉာဏ်ထက် မြက်တတ်တဲ့၊ အပြုအမူသိမ်မွေ့တဲ့၊ ပညာတတ် မော်ဒယ်တွေကိုလူကြိုက်များလာတယ်"ဟု လန်ဒန် မှ Tatler ဖက်ရှင်မဂ္ဂဇင်း၏ အယ်ဒီတာဟောင်း ကက်သရင်းအော့စ်လာက သုံးသပ်သည်။ ဤဖြစ် စဉ်မှာ ပြောင်းလဲမှုဖြစ်သည်။ ယခင်က မော်ဒယ် တို့သည် အဝတ်အထည်လုပ်ငန်းများ၏ ကျေးဇူး ကြောင့် "ခြုံကြားမှ ဘုံဖျားသို့" (Rags-to-riches) ဆိုသကဲ့သို့ နေ့ချင်းညချင်း အခြေအနေပြောင်း သွားကြသူများဖြစ်နေတတ်သည်။ ၁၉၆၀ပြည့်လွန် နှစ်များက ကြယ်တစ်ပွင့်ဖြစ်ခဲ့သူ မော်ဒယ်တွစ်ဂီ (Twiggy) သည် စက်ရုံ အလုပ်သမားတစ်ဦး၏ သမီးဖြစ်သည်။နာမည်ကျော် မော်ဒယ်ကိတ်မော့စ် ၏မိခင်မှာ အရက်ဆိုင်စားပွဲထိုး အမျိုးသမီးတစ်ဦး ဖြစ်သည်။ဖက်ရှင်လုပ်ငန်းများ၊ နာမည်ကြီး ဓာတ်ပုံ ဆရာများက အသက် ၁၅ နှစ်ခန့်အရွယ် ရွက်ပုန်း သီးအချောအလှ မိန်းကလေးငယ်များကို မနေ မနား ကြိုးပမ်းရှာဖွေပြီး၊ ကြယ်ပွင့်ဘဝသို့ ရုတ် ခြည်းရောက်သွားအောင် မြှောက်တင်ပေးခဲ့ကြ သည်။ မော်ဒယ်ဖြစ်လာတော့ ဓာတ်ပုံရိုက်ဖို့ ချိန်း ထားလျှင် အချိန်အတော်နောက်ကျမှ ရောက်လာ တတ်သည်။ မူးယစ်ဆေး သုံးစွဲချင်ကြသည်။ သူ တို့ကြောင့် အချိန်နှင့် ငွေကြေးများစွာ အချည်းနှီး ကုန်ဆုံးရသည်။ ယခုတော့ ဖက်ရှင်လုပ်ငန်းများက ထိုဒုက္ခမျိုးကို မခံချင်ကြတော့ပေ။ ပညာတတ်မော် ဒယ်များကတော့ အချိန်ကိုလေးစားကြသည်။ ထွေ လီကာလီ အကြောင်းမဲ့ လျှောက်လိမ့်မနေတတ် ကြောင်း တွေ့လာရသည်။မော်ဒယ်လုပ်ငန်းသည်လည်း ကမ္ဘာ့စီးပွား ရေးလမ်းကြောင်းအတိုင်း လိုက်ပါပြောင်းလဲနေ သည်။ ၁၉၆၀ ပြည့်လွန်နှစ်များမှ ၁၉၉၀ပြည့်လွန် နှစ်များအထိ စင်ဒီကရောဖို့ဒ်နှင့် ခရစ္စတီးတာလင်း တန်တို့လို အမေရိကန်မော်ဒယ်များ ထိပ်တန်းမှာ ရှိနေခဲ့သည်။ ဒေါ်လာ ၁၀၀၀၀ အောက်ဆိုလျှင် ခေါင်းထောင်လို့ပင် မကြည့်ကြချေ။ ထိပ်တန်းနာ မည်ရ မော်ဒယ်တစ်ဦးဆိုလျှင် ကြားပေါက်ချီ ကောက်လိုက်ဖို့ခေါ်သည့် အလုပ်မျိုးကို ဒေါ်လာ ၇၅၀၀၀ ထက်မနည်းပေးရသည်။ တစ်ကမ္ဘာလုံး အနှံ့ ကြော်ငြာမည့်အလုပ်ဖြစ်လျှင် ဒေါ်လာတစ် သန်းခွဲအထိ ပေးရသည်။ ကြော်ငြာရှင်များ အဖို့ မှာလည်း မော်ဒယ်အရွေးမှန်လျှင် အလုပ်ကောင်း ကောင်းဖြစ်သွားနိုင်သည်။ Procter & Gamble ကုမ္ပဏီက မော်ဒယ်ဂစ်ဇဲလ်ဘန်းချင်း (Gisele Bundchen) ပုံဖြင့် ပန်တင်းခေါင်းလျှော်ရည် (Pantene shampoo) ကို ဘရာဇီးလ်နိုင်ငံတွင် ကြော်ငြာခဲ့ရာ ရောင်းအား ၄၀ ရာခိုင်နှုန်း မြင့် တက်ခဲ့သည်။ နာမည်ကြီး မော်ဒယ်များဆိုလျှင် သူတို့အမည်ကို ကုန်အမှတ်တံဆိပ်အဖြစ် အသုံးပြု ခွင့်ပေးခြင်းဖြင့်လည်း ဘေးပေါက်ဝင်ငွေရနိုင်သည်။ အဲလီမက်ဖာဆန် (Elle Macpherson) အတွင်းခံ ဘောင်းဘီနှင့် ကိတ်မော့စ် (Kate Moss) နှုတ် ခမ်းဆိုးဆေးတို့ကဲ့သို့ မော်ဒယ်နာမည်ဖြင့် ကုန် ပစ္စည်းများ ထုတ်လုပ်ခြင်းဖြစ်သည်။ သို့သော်လည်း ဂလိုဘယ်လိုက်ဇေးရှင်း ရိုက် ခတ်မှုကြောင့် နာမည်သိပ်မရသေးသည့် မော်ဒယ် တို့မှာ ဝင်ငွေသိသိသာသာ ကျဆင်းသွားသည်။ နိုင်ငံတကာ မော်ဒယ်အေဂျင်စီကြီးများက စီးပွား ထွန်းသစ်စ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အလားအလာ ကောင်းသည့် မိန်းမချောကလေးများကို ရှာဖွေကြ သည်။ ၁၉၉၀ပြည့်လွန်နှစ်များက ပါးရိုးမြင့်မြင့်နှင့် ဆလပ်ဗ်ဆယ်ကျော်သက် တစ်ပြုံတစ်သိုက်ကြီးကို ငှားရမ်းခေါ်ယူခဲ့ကြသည်။ ယခုတော့ အမေဇုန် အရပ်အမောင်းနှင့် အားကစားသမား ရုပ်ရည်မျိုး ရှိသည့် ဘရာဇီးလ်နိုင်ငံသူများကို ရှာဖွေနေကြ သည်။ တကယ်တော့ မော်ဒယ်လုပ်ငန်း၏ ရှေ့ရေး ကို ကြိုတွက်ဖို့ခက်သည်။ စောစောပိုင်းအချိန်က အဝတ်အစား ဖရိုဖရဲ ဖြစ်နေတတ်သည့် ကိတ် မော့စ်ကို နာမည်ကြီးမော်ဒယ်ဖြစ်လာလိမ့်မည်ဟု ယူဆနိုင်စရာ မရှိခဲ့ချေ။ ယခုတော့ ပွေလိမ်ရှုပ် နေသော ဆံပင်ရှည်၊ ယောကျ်ားလေး တင်ပါးမျိုး နှင့် ဖြူဖပ်ဖြူရော်အသားအရည်ဖြင့်ပင် နာမည် ကျော်နေသည်။ အဆင့်မမီ ပိန်လှီအောင် နေထိုင် သည့်ဓလေ့ကို ကန့်ကွက်နေကြသော်လည်း ပိန် ချပ်ချပ်မော်ဒယ်တို့ကိုပင် လိုလားနေကြသည်။ အဝတ်အထည် ဒီဇိုင်နာတို့က အဝတ်အထည် အောက်မှ မော်ဒယ်၏ ဖွံ့ဖွံ့ထွားထွား ခန္ဓာကိုယ် ကြောင့် သူတို့ထွင်ထားသည့် ဒီဇိုင်းပုံစံကို မထိခိုက် စေလိုခြင်းသည်လည်း တစ်ကြောင်းဖြစ်နိုင်သည်ဟု ဆိုပါသည်။ Ref; The Economist.
