Main menu

Background

တရုတ်နိုင်ငံအစိုးရသည် ပြည်တွင်း၌ ဆေးရွက်ကြီးသုံးစွဲမှုလျှော့ချရန် ဆေးရွက်ကြီး ဈေးနှုန်းနှင့် ရောင်းဝယ်မှုအပေါ် အခွန်ကောက်ခံမှုကို တိုးမြှင့်သွားရန် လေ့လာနေ

Fri, 03/23/2012 - 10:05 -- Anonymous (not verified)

တရုတ်နိုင်ငံအစိုးရက ပြည်တွင်းမှာ ဆေး ရွက်ကြီးသုံးစွဲမှု လျှော့ချဖို့ ရည်ရွယ်ပြီး ဆေးရွက် ကြီးဈေးနှုန်းနဲ့ ရောင်းဝယ်မှုအပေါ် အခွန်ကောက် ခံမှုကို တိုးမြှင့်သွားဖို့ လေ့လာနေကြောင်း သိရပါ တယ်။ လက်ရှိမှာလည်း တရုတ်နိုင်ငံမှာ ဆေးရွက် ကြီးဈေးနှုန်းနဲ့ ၎င်းအပေါ်ကောက်ခံတဲ့ အခွန် နှုန်းထားမှာ အမြင့်တန်းမှာရှိပြီးဖြစ်တယ်။နိုင်ငံတကာလေ့လာမှုတွေအရ ဆေးရွက် ကြီးဈေးနှုန်း ၁ ရာခိုင်နှုန်းမြင့်မားလာရင် ဆေးလိပ် သောက်သူဦးရေ သုည ဒသမ ၄ ရာခိုင်နှုန်း ကျ ဆင်းသွားတယ်လို့ သိရတယ်။ အကောက်ခွန်တိုး မြှင့်ခြင်းက စီးကရက်သောက်သုံးမှုကို လျှော့ချရာ မှာ သိသိသာသာ အသုံးမဝင်ကြောင်း သိရတယ်။ ၂၀၀၉ ခုနှစ်၊မေလက ဆေးရွက်ကြီးအပေါ် အခွန် ကောက်ခံမှု ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း စီးကရက် လက်လီဈေးနှုန်း မြင့်မားမှုမရှိခဲ့တာကို သုံးသပ်တွေ့ရှိရပါတယ်။လက်ရှိမှာ တရုတ်နိုင်ငံ၌ စီးကရက်သောက် သုံးသူ သန်း ၃၅၀ ရှိရာ ၎င်းင်းပမာဏကို လျှော့ချလို ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)  ရဲ့ ဒုတိယဝန်ကြီး တာဝန်အပါအဝင် စက်မှုနဲ့ သတင်း နည်းပညာ (MIIT) ဝန်ကြီးဌာန ဝန်ကြီး Miao Wei   က ပြောကြားခဲ့တယ်။Source:chinadaily.com.cn၊ ပပ