Main menu

Background

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ် ၂၃၅ စင်းကို ပြည်တွင်းအပါအဝင် အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှနိုင်ငံများက ဝယ်ယူရန် အော်ဒါရှိလာ

Fri, 03/23/2012 - 10:05 -- Anonymous (not verified)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး C 919  ကို အစင်းရေ ၂၃၅ စင်း ဝယ်ယူမယ့် အဝယ်အော်ဒါ လက်ခံရရှိပြီးဖြစ်ကြောင်း လေယာဉ်ဒီဇိုင်းဌာန အကြီးအကဲက မတ် ၁၂ ရက်မှာ သတင်းထုတ်ပြန်ခဲ့တယ်။ ပြည်တွင်းနဲ့ ပြည်ပမှ ဝယ်ယူဖို့ အော်ဒါတွေရရှိခဲ့ကြောင်း၊ အများအားဖြင့် ပြည်တွင်းမှ ဝယ်ယူဖို့ မှာယူကြကြောင်း၊ အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကလည်း ဝယ်ယူဖို့ အော်ဒါရှိလာကြောင်း၊  Commercial Aircraft Corporation of China Ltd (COMAC)  ဒုတိယအထွေထွေမန်နေဂျာ Wu Guanghui   က ပြောကြားတယ်။ ဂျက်လေယာဉ်ကိုလည်း ထုတ်လုပ်သွားဖို့ ကြိုးစားအကောင်အထည်ဖော်နေကြောင်း၊ ၂၀၁၄ ခုနှစ်မှာ ပထမဆုံး ဂျက်လေယာဉ်စမ်းသပ်ပြီး ပျံသန်းသွားဖို့ စီစဉ်ထားကြောင်း Wuက က ပြောကြား ခဲ့ပါတယ်။Source:news.xinhuanet.com,  ပပ