Main menu

Background

နှုန်းရှင်သတ်မှတ်မည်ဆိုသည့် သတင်းကြောင့် အမေရိကန်ဒေါ်လာဈေး ငြိမ်သက်လျက်ရှိ

Fri, 03/23/2012 - 10:14 -- Anonymous (not verified)

အမေရိကန်  ဒေါ်လာဈေးအား ဈေးနှုန်းအရှင် သတ်မှတ်မည်ဆိုခြင်း ကြောင့် ငွေလဲစင်တာများတွင် ဈေးနှုန်း များတစ်ပတ်အတွင်း အပြောင်းအလဲ မရှိခဲ့ဘဲ ငြိမ်သက်လျက်ရှိပြီး ပြင်ပဈေး ကွက်တွင်မူ  အပြောင်းအလဲအနည်း ငယ်သာရှိခဲ့ကြောင်း သိရသည်။ယခုတစ်ပတ်အတွင်းတွင် ငွေလဲ စင်တာများတွင် အမေရိကန်ဒေါ်လာ ဈေးမှာ တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၇ကျပ် ဝယ်ဈေး ၈၁၃ ကျပ်ဖြင့် အ ပြောင်းအလဲမရှိဘဲ ငြိမ်သက်နေသည် ကို တွေ့ရသည်။ပြင်ပဈေးကွက်တွင်လည်း အမေ ရိကန်ဒေါ်လာဈေးသည် တစ်ပတ်အ တွင်း နှစ်ကျပ်သုံးကျပ်သာ အတက်အ ကျရှိခဲ့သည်။ ယင်းကဲ့သို့ဖြစ်ရခြင်းမှာ အမေရိကန်ဒေါ်လာအား  မြန်မာငွေ တန်ဖိုးဖြင့် သတ်မှတ်ရာတွင် နှုန်းထား အရှင်ဖြင့်သတ်မှတ်မည်ဆိုသည့်သတင်း  များကြောင့်ဖြစ်ကြောင်း ပြင်ပဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။"အခုဒီရက်ပိုင်းမှာ သတင်းတွေ ထွက်နေတာ။ ဒေါ်လာဈေးကို နှုန်းရှင် သတ်မှတ်မယ်ဆိုတာ။အဲဒီသတင်းထွက် ကတည်းက အရောင်းအဝယ်က သိပ် မရှိသလောက်ဖြစ်သွားတာ။ နောက်ပြီး ကားလိုင်စင်ဝင်တာတွေကလည်း နည်း နည်းကျဲသွားတယ်။ ကားလိုင်စင်တွေ ကိုလည်း မြန်မာငွေနဲ့ပဲဆောင်ရမယ်ဆို တဲ့သတင်းကလည်း အက်ဖ်အီးစီ အ ရောင်းအဝယ်ကိုကြိုးနဲ့တုတ်လိုက်သလို  ပဲ။ ချက်ချင်းကို တန့်သွားတာ။ အခု လောလောဆယ် လိုင်စင်ဝင်နေတဲ့သူ တွေရယ်၊ ဖုန်းကတ်ဝယ်တဲ့သူတွေရယ်၊ အက်ဖ်အီးစီနဲ့ ပေးချေရတဲ့ကိစ္စတွေရယ် လောက်ပဲ ဝယ်နေကြတာ။ အမေရိကန် ဒေါ်လာကတော့ ငွေလဲစင်တာတွေမှာ လည်း ဝယ်လို့ရောင်းလို့ရနေတော့ ငွေ လဲစင်တာကမဝယ်တဲ့အရွက်လောက် ပဲ ဒီမှာ လာရောင်းကြတာ။ နောက်ပြီး ငွေလဲစင်တာကဈေးက  အပြင်ထက် ပိုရတော့ အဲဒီမှာသွားရောင်းကြတာ များတယ်။ များသောအားဖြင့် အေဂျီဒီ ဘဏ်က တစ်သောင်းအထိ အရောင်း အဝယ်လုပ်လို့ရတော့  အဲဒီမှာပဲ သွား ရောင်းဝယ်ကြတာများတယ်။ အဲဒီမှာ ရောင်းလို့မရမှသာ ဒီနေရာကိုလာကြ တာ"ဟု ပြောသည်။အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် တွင် အမေရိကန်  တစ်ဒေါ်လာလျှင်  ရောင်းဈေး ၈၂၀ကျပ် ဝယ်ဈေး ၈၀၅ ကျပ်ရှိခဲ့ကြောင်း သိရသည်။ ယခင် ရက်သတ္တပတ်များက  အဆိုပါဘဏ် တွင် အက်ဖ်အီးစီရောင်းဈေး နှင့် အမေ ရိကန်ဒေါ်လာရောင်းဈေးမှာ မတူညီခဲ့ သော်လည်း ယခုတစ်ပတ်တွင်မူ ရောင်း ဈေးရော ဝယ်ဈေးပါတူညီနေသည်ကို တွေ့ရသည်။ပို့ကုန်ဝင်ငွေ ဈေးနှုန်းမှာမူ ယနေ့ ငွေဈေးပိတ်ချိန်တွင် တစ်ဒေါ်လာလျှင် ၈၃၆ကျပ်သို့ ပြန်လည်ကျဆင်းခဲ့သည် ကိုတွေ့ရသည်။မယ်သီတာ