Main menu

Background

တရုတ်နိုင်ငံ ကုန်သွယ်မှုလိုငွေပြခဲ့သည်ဆိုသော သတင်းကြောင့် ရေနံစိမ်းဈေးနှုန်း အားနည်းလာ

Fri, 03/23/2012 - 10:15 -- Anonymous (not verified)

ကမ္ဘာ့ဒုတိယမြောက် ရေနံစိမ်းသုံးစွဲ မှုအများဆုံး တရုတ်နိုင်ငံရဲ့ ပို့ကုန် တင်ပို့မှုက ခန့်မှန်းထားတာထက် နှေး ကွေးသွားတယ်ဆိုတဲ့ သတင်းကြောင့် မတ် ၁၂ ရက်မှာ ကမ္ဘာ့ရေနံစိမ်းဈေး နှုန်းတွေ အနည်းငယ် အားနည်းသွား တယ်။ နယူးယောက် ကုန်စည်ရောင်း ဝယ်ရေးမှာ ဧပြီလ သင်္ဘောတင်ရမယ့် ရေနံစိမ်းက တစ်စည်ကို ၇၉ ဆင့်အထိ ကျဆင်းသွားပြီး ၁၀၆ ဒသမ ၅၅ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်လို့ သိရ တယ်။လန်ဒန်  ICE Futures Europe Exchange မှာလည်း ဧပြီလငွေချေရ မယ့် ဘရန့်အမျိုးအစား ရေနံစိမ်းက လည်း တစ်စည်ကို ၇၃ ဆင့် (သုည ဒသမ ၆ ရာခိုင်နှုန်း) ကျဆင်းပြီး ၁၂၅ ဒသမ ၂၅ ဒေါ်လာအထိ  ရောက်ရှိခဲ့ တယ်။ တရုတ်နိုင်ငံက ဖေဖော်ဝါရီလ အတွင်းက ကုန်သွယ်မှုလိုငွေပြခဲ့ရာ ၂၂ အတွင်း အများဆုံးပမာဏဖြစ်တယ်လို့ သိရတယ်။  ဥရောပဒေသ  ကြွေးမြီ အကျပ်အတည်းကြောင့် တရုတ်ရဲ့တင် ပို့မှုပမာဏ ကျဆင်းခဲ့ရတယ်လို့ တရုတ် နိုင်ငံ အကောက်ခွန်ဗျူရိုက မတ် ၁၀ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားတယ်။Source:bloomberg.co,  ပပ