Main menu

Background

ကန်ဒေါ်လာတန်ဖိုး မြင့်မားလာခြင်းကြောင့် အာရှတွင် ရွှေဈေးနှုန်းတည်ငြိမ်နေ

Fri, 03/23/2012 - 10:17 -- Anonymous (not verified)

မတ် ၁၂ ရက်မှာ ကမ္ဘာ့ရွှေဈေးတွေ အနည်းငယ်ပြန်လည် အား ကောင်းလာတယ်။ နယူးယောက် ကုန်စည်ရောင်းဝယ်ရေး Comex မှာ ဧပြီလ အရောက်ပို့ရမယ့်ရွှေဈေးနှုန်းက တစ်အောင်စကို သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်မားကာ ၁၇၁၇ ဒသမ ၄၀ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီးနောက် ၁၇၁၆ ဒသမ ၉၀ ဒေါ်လာနဲ့ စင်ကာပူစံတော်ချိန် နံနက် ၆း၀၅ နာရီမှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရတယ်။ဒါပေမဲ့ အာရှမှာ ရွှေဈေးနှုန်းတွေ တည်ငြိမ်နေတယ်။ အမေရိကန် နိုင်ငံမှာ အလုပ်အကိုင်ခန့်ထားမှုအခြေအနေမှာ မျှော်လင့်ထားတာထက် တိုးတက်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ကမ္ဘာ့စီးပွားရေးအင်အား အတောင့် တင်းဆုံးနိုင်ငံအနေနဲ့ စီးပွားရေးတည်ငြိမ်နေတယ်လို့  သုံးသပ်ကြတယ်။ ဒါကြောင့် ကန်ဒေါ်လာကို ဝယ်လိုအားမြင့်မားလာပြီး တန်ဖိုးလည်း မြင့်မား လာတာကြောင့် အာရှမှာ ရွှေဈေးနှုန်းတည်ငြိမ်နေကြောင်း သိရတယ်။Source:forexpros.com, bloomberg.com,  ပပ