တရုတ်နိုင်ငံမှ မြေသြဇာတင်သွင်း
တရုတ်နိုင်ငံမှ မြေသြဇာတင်သွင်းယခင်သီတင်းပတ်ဖြစ်တဲ့ မတ် ၄ရက်မှ ၁၀ရက်တာကာလအတွင်း ဓာတ်မြေ သြဇာတန်ချိန် ၁၃၈၆ ဒသမ ၉၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းကိုး သောင်းကျော်ဖိုးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ် တရုတ်နိုင်ငံမှ မြေသြဇာသာတင်သွင်းခဲ့တာတွေ့ရပါတယ်။ ကွန် ပေါင်းမြေသြဇာ ၇၈၀ တန်၊ စူပါဖော့စဖိတ် အမျိုးအစားမြေသြဇာ ၂၃၁ တန်နဲ့ အခြားမြေသြဇာ ၃၇၅ ဒသမ ၉၀ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် တစ်ထောင့်လေးရာကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ် ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန် သုံးဆယ်လောက် လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ ဓာတ်မြေသြဇာ တန် ၁၀၀၀၀ ကျော်အသွင်းရှိမတ် ၇ရက်မှ ၁၃ ရက်ထိကာလမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ ၁ ဒသမ ၉၄၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၈၆၄၈ တန် တင်သွင်းခဲ့ ပါတယ်။ ယခင်အပတ်ကထက် ၁၂၈၀ တန် လျော့နည်းတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၀၀၀၄ တန်၊ ကန်ပိုက်တီးမှ ၉၀ တန်၊ မြဝတီမှ ၈၃ တန်ခန့်၊ မောင်တောမှ ၄၁ တန်ဝန်းကျင်နဲ့ ရိဒ်မှ ၂၄၃ တန် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် မူဆယ်နဲ့ ရိဒ်မှ အသွင်းလျော့ ခဲ့သလို ကော့သောင်းမှလည်း အသွင်းမရှိပါဘူး။ ကန်ပိုက် တီး၊ မြဝတီနဲ့ မောင်တော နယ်စပ်များက ယခင်အပတ်က အသွင်းမရှိဘဲ ယခုအပတ်မှာ အသွင်းရှိတာဖြစ်ပေ မယ့် ယခင်အပတ် နယ်စပ်များမှတင်သွင်းမှုကိုတော့ မမီခဲ့ပါဘူး။ MIRT (DOBT)ပုံမှန်လေးပဲ အရောင်းအဝယ်ရှိနေတဲ့ ဓာတ်မြေသြဇာမော်လမြိုင်ဈေးကွက်မှာ ဓာတ်မြေသြဇာက ပုံမှန်အရောင်းရှိလာတယ်လို့ အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ ရာသီချိန်ပြန်စလာတာ ကြောင့် အဝယ်လိုက်လာပေမဲ့ ဈေးက မပြောင်းလဲဘဲ ငြိမ်နေတယ်လို့ပြောပါတယ်။ ဒီတစ် ပတ်ဈေးက ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) တရုတ်က၂၁၅၀၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း)က ၃၅၀၀၀ ကျပ် ၊ ကွန်ပေါင်း (ပန်းရောင်) (၁၅း၁၅း၁၅) ၃၁၀၀၀ ကျပ်၊ တီစူပါ ၄၆ % (သံကွင်း-တရုတ်)က ၂၆၀၀၀ ကျပ်၊ တီစူပါ ၄၆%(မြှား-တရုတ်) ၂၅၀၀၀ကျပ်၊ တီစူပါ၁၆% (မြှားကမ္ဘာ) တရုတ် ၁၂၀၀၀ ကျပ် တို့ဖြစ်ပါတယ်။တောင်ကြီးဈေးကွက် တွင် ဓာတ်မြေသြဇာက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်ရှိသလို ဈေးကလည်း အတက်အကျမရှိဘဲ ပုံမှန်ဘဲလို့ဆိုပါတယ်။ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-ပန်းဖူး-ရွှေတောင်) တရုတ်က တစ်အိတ်ကို ၂၀၀၀၀ ကျပ်၊ တီစူပါ ၁၂% (တရုတ်) ၉၅၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်)က ၁၀၀၀၀ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) က ၃၅၀၀၀ ကျပ်၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)က ၁၃၅၀၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၇၀၀၀ ကျပ်၊ ပိုတက်(တရုတ်) ၂၆၅၀၀ ကျပ်၊ ယူရီးယား(ယူအေအီး) ၁၉၀၀၀ ကျပ်နဲ့ မြှားကမ္ဘာ(တရုတ်) ၁၅၀၀၀ ကျပ်နဲ့ ဈေးကွက်အတွင်း အရောင်း ဖြစ်နေတဲ့ဈေးနှုန်းတွေ ဖြစ်ပါတယ်။မန္တလေးမြေသြဇာဈေးကွက်မှာ မြေဆီက အရောင်းအေးတယ်လို့ သိရပါ တယ်။ ယူရီးယား(ပန်းဖူး-တရုတ်) က ဈေးကွက်ထဲပျောက်နေရာမှ ဒီတစ်ပတ်မှ ပြန်လည်ဝင်ရောက်လာတယ်လို့ မြေသြဇာအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ရာသီချိန်ရောက်ခါနီးတာကြောင့် မြေသြဇာ ဈေးကလည်း တစ်အိတ်ကို နှစ်ရာကျပ်မှ ငါးရာကျပ်အတွင်း ဈေးမြင့်လာတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်မှာ တော့ အာမို(ဒိုင်းမွန်းစတား)ပဲ ဈေးမပြောင်းဘဲ ကျန်မြေသြဇာတွေက တစ်ရာကျပ် မှ ငါးရာကျပ်အတွင်း ဈေးမြင့်လာပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မြေသြဇာဈေး တွေက ယူရီးယား (ရွှေတောင်-တရုတ်) ၁၉၁၀၀ ကျပ်၊ ယူရီးယား(ပန်းဖူး-တရုတ်) ၂၀၈၀၀ ကျပ်၊ တီစူပါ (GTSP ၄၆%) တရုတ်က ၂၁၀၀၀ ကျပ်၊ တီစူပါ (GSSP ၁၆%) တရုတ်က ၈၃၀၀ ကျပ်၊ တီစူပါ (GSSP ၁၂%) တရုတ်က ၇၈၀၀ ကျပ်၊ ကွန်ပေါင်း ၁၅း၁၅း၁၅ (တရုတ်) ၂၆၅၀၀ ကျပ်ဈေးနဲ့ အာမို (ဒိုင်းမွန်းစတား) က ၃၇၀၀၀ ကျပ်တို့ဖြစ်ပါတယ်။မကွေးဓာတ်မြေသြဇာဈေးကွက်မှာ မြေသြဇာဈေးက အရောင်းပါးသလို ဈေးကလည်း ငြိမ်နေတယ်လို့ မြေဆီအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါ တယ်။ မြှားကမ္ဘာ-တရုတ်(အပြာ)က နှစ်ရာကျပ်ဈေးကျပြီး (အစိမ်း) က တစ်ရာ ကျပ် ဈေးမြင့်လာပါတယ်။ ယူရီးယား-ပုလဲ (ပန်းဖူး) က တစ်ရာကျပ် ဈေးမြင့်ပြီး (ရွှေတောင်-တရုတ်)က နှစ်ရာကျပ်ဈေး ကျပါတယ်။ ကျန်မြေသြဇာတွေက ဈေး မပြောင်းဘဲ ယခင်အပတ် ဈေးအတိုင်းငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက မြှားကမ္ဘာ-တရုတ်(အပြာ) ၁၄၈၀၀ကျပ်၊ (အစိမ်း) က ၁၅၀၀၀ကျပ်၊ ဆင် ၁၀း၁၀း၅ က ၁၄၃၀၀ ကျပ်၊ အာမို ၁၀း၁၀း၅ က ၁၆၀၀၀ ကျပ်၊ အာမို ၁၅း၁၅း၁၅ က ၃၆၀၀၀ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၃၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၁၃၀၀ ကျပ်၊ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၀၀၀၀ ကျပ်၊ တီစူပါ(မြှားနီ-တရုတ်) က ၂၂၅၀၀ ကျပ်၊ တောင်သူမ ၁၄၂၀၀ ကျပ်၊ ပိုတက် ၂၅၀၀၀ ကျပ်၊ အောင်ကမ္ဘာ ၁၀း၁၀း၅ က ၁၇၀၀၀ ကျပ်တို့ဖြစ်ပါ တယ်။ရန်ကုန်ဈေးကွက်မှာ ဓာတ်မြေသြဇာဈေးကွက်အတွင်း အရောင်းရှိလာ တယ်လို့ အရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာ အရင် တစ်ပတ်တွေထက် ရောင်းအားပိုရှိလာတယ်လို့ ပြောပါတယ်။ အရောင်းရှိပေမဲ့ ဈေးကတစ်မျိုးကို တစ်ရာ၊ နှစ်ရာလောက် ဈေးထပ်ကျတယ်လို့ ပြောပါတယ်။ ဈေးကွက်မှာပစ္စည်းအမှာတွေကလည်း အရင်အပတ်တွေနဲ့ ယှဉ်ရင်ပိုလာတယ်လို့ ဆိုပါတယ်။ မြေသြဇာဈေးနှုန်းတွေက ယူရီးယား (ကမ္ဘာ လုံး-တရုတ်) ၁၈၄၀၀ ကျပ်၊ ယူရီးယား(ရွှေတောင်-တရုတ်) ၁၈၅၀၀ ကျပ်၊ တီစူပါ(သံကွင်း-တရုတ်)က ၂၀၇၀၀ ကျပ်၊ တီစူပါ ၁၆% ၇၉၀၀ ကျပ်၊ တီစူပါ ၁၂% ၇၄၀၀ ကျပ်၊ ပိုတက် (အိန္ဒိယ) ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း (တိုးနယား-တရုတ်) ၁၅း၁၅း၁၅ က ၂၃၅၀၀ ကျပ်၊ မြှားကမ္ဘာ ၁၂း၁၃ က ၁၃၃၀၀ ကျပ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရပါတယ်။ MIRT (DOT)
