ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေ ဝင်အားကောင်း ပြည်တွင်းဈေးကွက်ကို မတ် ၄ ရက်မှ ၁၀ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၃၀၂၂၂ ဒသမ ၈၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ရာခြောက် သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၈၃၀၀ ၊ ဆင်တံဆိပ် ဘိလပ်မြေတန်ချိန် ၁၀၀၀၀ နဲ့ အခြားတံဆိပ်ဘိလပ်မြေမျိုးစုံ တန်ချိန် ၁၁၁၉၂၂ ဒသမ ၈၆ အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ဘိလပ်မြေတင် သွင်းမှုက တန်ချိန် လေးသောင်းသုံးထောင်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ် အဝင်နဲ့ယှဉ်ရင် ၃ ဆကျော်လောက် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT)နယ်စပ်မှ ဘိလပ်မြေ တန် ၂၄၀၀ ကျော် တင်သွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနဲ့ ချင်းရွှေဟော်နယ်စပ်၊ မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်နဲ့ မြိတ်နယ်စပ်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၁၉၅ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၄၂၅ တန်ကို မတ် ၇ ရက်မှ ၁၃ ရက် ထိကာလအတွင်းမှာ အသွင်းရှိခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် တင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၉၄၁ တန်၊ ချင်းရွှေဟော်မှ ၄၆ တန်၊ တာချီလိတ်မှ ၁၀၇၀ တန်နဲ့ မြိတ်မှ ၃၆၈ တန် ကျော် အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် တန် ၁၀၀၀ ကျော် (၁၀၇၇ တန်)လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT)ပြောင်းလဲမှုမရှိတဲ့ ဘိလပ်မြေဈေးကွက်မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဈေးကွက်ထဲမှာ ပစ္စည်းပြတ် နေတဲ့ မြင်းခေါင်း က ဒီတစ်ပတ်မှာ ပြန်လည်ဝင်လာပါတယ်။ ဒီတစ်ပတ်မှာ ဆင်(ထိုင်း)က ငါးဆယ် ကျပ် ဈေးတက်ပြီး ကြံ့(မြိုင်ကလေး)က နှစ်ရာကျပ် ဈေးကျလာပါတယ်။ ဈေးကွက် မှာ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း)တစ်အိတ်ကို ၄၉၅၀ ကျပ်၊ ကြံ့ (မြိုင်ကလေး) တစ်အိတ်ကို ၄၁၀၀ ကျပ်၊ မြင်းခေါင်း တစ်အိတ်ကို ၂၉၅၀ ကျပ် တို့ဖြစ်ပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းသွက်တယ်လို့ အရောင်း ဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းသွက်ပေမဲ့ ဈေးက အပြောင်း အလဲမရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ခြင်္သေ့တံဆိပ်ဘိလပ် မြေနဲ့ မြို့တော်တံဆိပ် ဘိလပ်မြေက ပိုပြီးအရောင်းသွက်တယ်လို့ သိရပါတယ်။ စိန်(ယိုးဒယား)က ၇၄၀၀ကျပ်၊ ခြင်္သေ့က ၅၀၀၀ ကျပ်၊ မြို့တော်က ၄၅၀၀ ကျပ်နဲ့ နဂါးက ၅၄၀၀ ကျပ် ဈေးရှိတယ်လို့သိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေအရောင်း ပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ မြန်မာဆင်နဲ့ ဆင်(ထိုင်း)က တစ်အိတ်ကို တစ်ရာကျပ်ဈေးကျပြီး၊ ဆင်မင်း (ကျောက်ဆည်)နဲ့ မြင်းခေါင်းက တစ်အိတ်ကို တစ်ရာကျပ် ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် အရောင်း အဝယ်ဖြစ်နေတဲ့ ဘိလပ်မြေဈေးက အေသုံးလုံး တစ်အိတ်ကို ၅၃၀၀ ကျပ်၊ မြန်မာ ဆင်က တစ်အိတ်ကို ၅၀၀၀ ကျပ်၊ ဆင် (ယိုးဒယား) တစ်အိတ်ကို ၅၉၀၀ ကျပ်၊ စိန်(ထိုင်း)က ၅၉၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) တစ်အိတ်ကို ၄၈၀၀ ကျပ်၊ ကျားခေါင်းက ၅၂၀၀ ကျပ်နဲ့ မြင်းခေါင်းတစ်အိတ် ၄၆၀၀ ကျပ်တို့ဖြစ်ပါတယ်။ မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးကဆိုပါတယ်။ အရောင်းပုံမှန်ရှိသလို ဈေးက လည်း ငြိမ်နေတယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလဆန်းမှ ဒီနေ့အထိ ဈေးကငြိမ်နေတယ် လို့ဆိုပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေတဲ့ဈေး ကဆင်(ထိုင်း)က တစ်အိတ်ကို ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းက တစ်အိတ်ကို ၄၂၀၀ ကျပ်တို့ဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဘိလပ်မြေဈေးကွက်အတွင်းမှာ ဘိလပ်မြေ အရောင်း က သွက်နေတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ အမှာများပြီး အရောင်းသွက်ပေမဲ့ဈေးက ငြိမ်နေတယ်လို့ ပြောပါတယ်။ စိန်တံဆိပ်နဲ့ ဆင်တံဆိပ်က တခြားတံဆိပ်တွေထက် ပိုပြီးအမှာရှိတယ်လို့ သိရပါတယ်။ ဒီတစ် ပတ်အရောင်းအဝယ်ဖြစ်နေတဲ့ဈေးက ဆင်(ထိုင်း) ၄၈၅၀ ကျပ်၊ စိန်(ထိုင်း) ၄၇၅၀ ကျပ်၊ မောင်းတိန်းက ၄၅၀၀ ကျပ်၊ Blue Lion ၄၅၀၀ ကျပ် နဲ့ မြင်းခေါင်း ၃၈၀၀ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOT)
Background