ဒွန်းနို့ဆီတစ်မျိုးသာဝင် မတ် ၄ ရက်မှ ၁၀ ရက်တာ ကာ လအတွင်း နို့ဆီ ၂၄၅ ဒသမ ၃၄ တန်၊ တန်ဖိုးအားဖြင့် နှစ်သိန်းခြောက်သောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီသီတင်းပတ်မှာ ဒွန်း နို့ဆီတစ်မျိုးသာတင်သွင်းခဲ့တာ တွေ့ရ ပါတယ်။ ယခင်သီတင်းပတ် နို့ဆီအဝင် မရှိဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင် သွင်းခြင်းဖြစ်ပါတယ်။ နို့စိမ်းက ယခင် သီတင်းပတ် တန်ချိန်နှစ်ရာကျော်တင် သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ အဝင်နားခဲ့ပါ တယ်။နို့မှုန့်က ဒီတစ်ပတ်မှာ ဂျပန်နိုင်ငံမှ မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ တန်ချိန်က ၁ ဒသမ ၀၁၅ တန်ဖြစ်ပြီး တန်ဖိုးက ကန်ဒေါ်လာ ၇၂၀၀ ဖိုးဖြစ်ပါ တယ်။ MIRT (DOT)နို့မှုန့်နဲ့ နို့စိမ်းသာအသွင်းရှိနယ်စပ်ကုန်သွယ်ရေး စခန်းများ ဖြစ်တဲ့ မူဆယ်မှ နို့မှုန့်နဲ့ ကော့သောင်း နယ်စပ်မှ နို့စိမ်းတို့သာ မတ် ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ အသွင်းရှိ ခဲ့ပါတယ်။ မူဆယ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၄ သန်းတန်ဖိုးရှိ နို့မှုန့် ၁၉ တန်နဲ့ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၄၇ သန်း တန် ဖိုးရှိ နို့စိမ်း ၄၉တန်ကျော် (၂၆၀၀ တာ) အသွင်းရှိခဲ့ရာ ယခင်အပတ်ကထက် နို့မှုန့် ၁၉ တန်နဲ့ နို့စိမ်း ၉၇ တန် လျော့ နည်းတင်သွင်းခဲ့ပါတယ်။ ယခုအပတ် မှာ နို့ဆီအသွင်းမရှိတာ တွေ့ရပါတယ်။ တစ်ဖက်နိုင်ငံမှာ နို့စိမ်း ၁ တာကို ၆၄၀ ဘတ်နဲ့ ကော့သောင်းမှာ ၂၇၈၄၀ ကျပ် ဈေးပေါက်လျက်ရှိတယ်လို့ သိရပါ တယ်။ MIRT (DOBT)ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ) 650 680 ဒွန်း (နို့စိမ်း) 620 625 ဝမ်းတီးနို့ဆီ 630 660 အိုကေ(နို့ဆီ) 600 610 အိုကေ (နို့စိမ်း) 600 600
Background
