Main menu

Background

တရုတ်ပဲပုပ်တင်သွင်းမှု စံချိန်တင် လောက်အောင်မြင့်တက်နိုင်တယ်လို့ သီးနှံဗျူရိုမှ ဆို

Fri, 03/23/2012 - 10:24 -- Anonymous (not verified)

    ကမ္ဘာမှာ ပဲပုပ်အများဆုံးဝယ်ယူ သူ တရုတ်နိုင်ငံရဲ့  ဝယ်ယူလိုအား မြင့်တက်နေတာကြောင့်  ယခုနှစ်မှာ စံချိန်သစ်တင်တဲ့အထိ ၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်နိုင်တယ်လို့ သိရ ပါတယ်။ ဒီဇင်ဘာလ ၃၁ ရက်မှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွက် တင်သွင်း မှုဟာ ယခင်နှစ်တင်သွင်းတဲ့ တန်ချိန် ၅၂ သန်းထက်ကျော်လွန်ပြီး၊  တန်ချိန် ၅၆ သန်းအထိ ရှိနိုင်တယ်လို့ ဘေဂျင်း မှာကျင်းပတဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံညီလာခံမှာ နိုင်ငံရဲ့ ထိပ် တန်း သီးနှံ စီမံခန့်ခွဲမှုဒါရိုက်တာ Nie  Zhembang  မှ ပြောကြားပါတယ်။    ဝယ်ယူမှု  တိုးတက်ခြင်းက ယခု နှစ်အတွင်း  ပဲပုပ်ဈေးနှုန်း ၁၀ ရာခိုင် နှုန်းခန့် ထပ်မံမြင့်တက်နိုင်ပါတယ်။တရုတ်နိုင်ငံ ပြည်သူများအနေနဲ့ ဝင်ငွေ မြင့်တက်ခြင်း၊ မြို့ပြလူဦးရေတိုးလာခြင်း တို့ကြောင့် အသား ဝယ်ယူစားသုံးမှု တက်လာတဲ့အတွက် မွေးမြူရေး လုပ် ငန်း ကြီးထွားလာခြင်းနဲ့အတူ ၂၀၀၅-၂၀၁၁အတွင်း ပဲပုပ်တင်သွင်းမှုက ၂ဆ မြင့် တက်ခဲ့ပါတယ်။ တရုတ်နိုင်ငံအနေ နဲ့ ပြည်တွင်းမှာ သီးနှံထုတ်လုပ်မှုနဲ့ ဖူလုံ ဖို့အတွက် မြေနဲ့ရေအရင်းအမြစ်က လျော့ကျလျက်ရှိတာကြောင့် ပြည်ပ ပဲပုပ် အပေါ် အားထားနေရမှုဟာ ၅၀ ရာခိုင်နှုန်းကျော်လွန်ခဲ့ကြောင်း မတ်လ ၁၀ ရက်မှာ Nie က  ပြောကြားခဲ့ပါ တယ်။    အောက်တိုဘာလ ၁ ရက်မှ စက် တင်ဘာလ ၃၀ ရက်အထိ ဈေးကွက် ရာသီ အတွင်း ပဲပုပ်တင်သွင်းမှုဟာ တန်ချိန် ၅၅ သန်းအထိ ရောက်ရှိနိုင် တယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနမှ မတ်လ ၉ ရက်မှာ ခန့်မှန်းထား ပါ တယ်။ တရုတ်နိုင်ငံရဲ့ လက်ရှိ နှစ်စဉ် တင်သွင်းနေရတဲ့ ပဲပုပ်နဲ့ ဝါဂွမ်းကို ထုတ်လုပ်ဖို့ဆိုရင် မြေဧရိယာဟာ ဧက ပေါင်း ၄ ဒသမ ၆၆၉ ဘီလီယံထိလို အပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၁ မှာ တရုတ်နိုင်ငံရဲ့ သီးနှံစိုက်ပျိုးမှု စုစု ပေါင်းဟာ ဧကပေါင်း ၁၁ ဒသမ ၀၇ ဘီလီယံရှိခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီး ဌာနစာရင်းအရ သိရပါတယ်။ယမင်းခင်Source:bloomgerg.net