Main menu

Background

ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှု ဆက်လက်လျော့ကျ

Fri, 03/23/2012 - 10:25 -- Anonymous (not verified)

    နှမ်းလက်ကျန်များလျော့နည်းလာပြီဖြစ်လို့ ပင်လယ်ရေကြောင်းက နှမ်း တင် ပို့မှုကတော့ ဆက်လက်လျော့ကျနေပါတယ်။ ယခင်တစ်ပတ်က နှမ်းတန်ချိန် ၄၅၀ ကျော်တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (မတ်လ ၅-၉ ရက်)အတွင်းမှာ တန်ချိန် ၂၉၀ခန့် သာ ဂျပန်နဲ့ တောင်ကိုရီးယားကို တင်ပို့မှု ရှိခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ် မတ်လ ၉ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၁၁၀၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၆၂ သန်းဖိုးခန့် ရရှိထားလို့ ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၇၈၀၀၀၀ ကျော်၊ ဝင်ငွေ ကန်ဒေါ်လာ ၁၁၂ သန်းခန့်နဲ့ ယှဉ်ရင် ပမာဏ အားဖြင့် တန်ချိန် သုံးသောင်းကျော် ပိုမိုတင်ပို့နိုင်သလို ဝင်ငွေမှာလည်း ကန်ဒေါ် လာ သန်း ၅၀ ကျော်ပိုရရှိထားကြောင်း သိရပါတယ်။ လက်ကျန်နည်းသွားပြီဖြစ်လို့ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှု လျော့ကျဖွယ်ရှိပါတယ်။MIRT - MAPT