Main menu

Background

မူဆယ်နယ်စပ်မှ နှမ်းနက် တန် ၂၆၀ ကျော် ယခင်အပတ်ကထက် အပို့ပို

Fri, 03/23/2012 - 10:26 -- Anonymous (not verified)

    မူဆယ်နယ်စပ်ကတော့ ကန်ဒေါ်လာသုညဒသမ ၇၇၂ သန်းတန်ဖိုးရှိ နှမ်း နက်၅၃၂ တန်ကျော်၊ ကန်ဒေါ်လာသုည ဒသမ ၀၈၉ သန်း တန်ဖိုးရှိ နှမ်းဖြူ ၆၈ ဒသမ ၅၅၀ သန်းနဲ့ ကန်ဒေါ်လာသုညဒသမ ၀၁၈ သန်း တန်ဖိုးရှိ နှမ်းဖြူ (အခွံချွတ်) ၁၃ တန်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့ခဲ့ရာ နှမ်းနက် တန် ၂၆၀ ကျော်ယခင်အပတ်ကထက် ပိုမိုတင်ပု့ိနိုင်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်မှလည်း ကန်ဒေါ်လာ သုညဒသမ ၂၂၃ သန်း တန်ဖိုးရှိ နှမ်းနီ ၁၈ တန်ခွဲကို တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ နှမ်းမြေပြင်ပေါက်ဈေး များက တစ်ဖက်နိုင်ငံရွှေလီမှာ ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ နှမ်းဖြူတစ် တန် ၁၂၇၀ ဒေါ်လာနဲ့ နှမ်းနက်တစ်တန် ၁၃၄၉ ဒေါ်လာ ဈေးပေါက်လျက် ရှိပါ တယ်။ မိမိဘက် မူဆယ်မြေပြင်ဈေးကတော့ ယခင်အပတ်ထက် နှမ်းဖြူတစ်တန် ကျပ် ၂၃၈၀ နဲ့ နှမ်းနက်တစ်တန် ကျပ် ၃၀၀၀ ပိုမိုခဲ့ပြီး နှမ်းဖြူ တစ်တန် ၉၇၀၅၇၁ ကျပ် နဲ့ နှမ်းနက်တစ်တန် ၉၃၁၇၆၀ ကျပ် ဈေးပေါက်လျက်ရှိပါတယ်။MIRT (DOBT)