Main menu

Background

အမေရိကန်စီးပွားရေးတိုးတက်မှု အလားအလာများနဲ့ ဝယ်လိုအားတို့ကြောင့် စားအုန်းဆီကြမ်းဈေး ၉ လအတွင်း အမြင့်ဆုံးကို ရောက်ရှိ

Fri, 03/23/2012 - 10:28 -- Anonymous (not verified)

    အမေရိကန်စီးပွားရေး ကောင်းမွန်လာတဲ့စာရင်းများနဲ့ ဝယ်လိုအားတိုးတက် လာဖွယ်ရှိခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးဟာ မတ်လ ၁၄ ရက်မှာ ၉ လအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ မလေးရှားဘာစာ ကုန်စည်ဒိုင်မှာ မေလအခြေခံစံနှုန်း စာချုပ်ဈေးဟာ သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန် ရင်းဂစ် ၃၃၈၅ (ကန်ဒေါ်လာ ၁၁၀၈) ရှိလို့ ဇွန်လ ၆ ရက် နောက်ပိုင်း အမြင့်ဆုံးရောက်ရှိခဲ့ပါတယ်။    စားအုန်းဆီလက်ငင်းဈေးခိုင်မာနေခြင်းနဲ့ ပဲပုပ်ဆီကြိုပွိုင့်ဈေး ပိုမိုမြင့်တက် လာခြင်းက ကြိုပွိုင့်ဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ အင်ဒိုနီးရှား စားအုန်း ဆီကြမ်း လက်ငင်းဈေးများဟာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလ အတွင်းမှာ မလေး ရှားဈေးထက် လျော့ကျခဲ့တာကြောင့် မလေးရှားစားအုန်းဆီကြမ်းကို ဝယ်လိုအား တက်စေဖို့ ယခုအခါ မလေးရှားကလည်း အစီအစဉ်ပြောင်းလဲပြီး ဈေးနှုန်းပိုမို ယှဉ်ပြိုင် လာနိုင်တယ်လို့  ANZ သုတေသနမှ လေ့လာဆန်းစစ်သူ Victor Thainpiriya  မှ ပြောကြားပါတယ်။    မတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း မလေးရှားနိုင်ငံမှ စားအုန်းဆီ တင်ပို့မှုဟာ ယခင်လကာလတူထက် ၃၇ ရာခိုင်နှုန်း-၄၁ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၆၉၈၀၀၀ တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လိုအား မြင့်တက်လာခြင်းက မလေးရှားစားအုန်းဆီ လက်ကျန်ကို လျော့ကျစေပြီး မလေးရှားကုန်စည်ဒိုင် ဈေးနှုန်း ကို မြင့်တက်စေတယ်လို့ စင်ကာပူမှ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဖေဖော်ဝါရီလ ကုန်မှာ မလေးရှားလက်ကျန် ပမာဏဟာ တန်ချိန် ၂ ဒသမ ၀၆ သန်းရှိတယ်လို့ ယခုတစ်ပတ်အစပိုင်းမှာ မလေးရှားစားအုန်းဆီအဖွဲ့က ဆိုပါတယ်။     လက်ငင်းဈေးကွက်မှာ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ သင်္ဘောတင်ရမယ့် သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ကန်ဒေါ်လာ  ၁၁၅၂ ဒသမ ၅၀ နဲ့ ၁၁၅၀ ရှိနေပြီး အောက်တိုဘာလ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သင်္ဘောတင်အတွက် မလေးရှားဆိပ်ကမ်း FOB  ဈေးမှာ ကန်ဒေါ်လာ ၁၁၄၂ ဒသမ ၅၀ ရှိကြောင်း သိရပါတယ်။ ချက်ချင်းတင်ပို့ရမယ့် စားအုန်းဆီကြမ်း လက်ငင်းဈေးက တစ်တန် ရင်းဂစ် ၃၃၅၀ (ကန်ဒေါ်လာ ၁၀၉၇) ရှိကြောင်း သိရပါတယ်။ယုဇန၊Source: palmoilhq.com