အာရှဆန်အဝယ်သစ်က ထိုင်း၊ ဗီယက်နမ်ဆန်ဈေးကို တွန်းတင်လာ

အိန္ဒိယရဲ့ ဆိပ်ကမ်းအခက်အခဲကြောင့် နိုက် ဂျီးရီးယားဝယ်လက်များက ပြောင်းလဲအဝယ်ရှိလာ ခြင်းကြောင့် ယခုတစ်ပတ် ထိုင်းဆန်ဈေးမြင့်တက် ခဲ့ပြီး၊ ဗီယက်နမ်ဆန်ကိုလည်း တရုတ်က အဝယ်ရှိ လာလို့ ဗီယက်နမ်ဆန်ဈေး လည်းမြင့်တက်လာ တယ်လို့ မတ်လ ၁၄ ရက်နေ့မှာ ကုန်သည်များက ဆိုပါတယ်။ နိုက်ဂျီးရီးယား အဝယ်ရှိလို့ ထိုင်း ပေါင်းဆန်ဈေးဟာ ယခင်သီတင်းပတ်က တစ်တန် ကန်ဒေါ်လာ ၅၅၀ ရှိရာမှ ယခုတစ်ပတ်မှာ ၁၁ ရာခိုင်နှုန်းမြင့်တက်ပြီး ကန်ဒေါ်လာ ၆၁၂ ဈေးဖြစ် ခဲ့ပါတယ်။အိန္ဒိယဆိပ်ကမ်းကြပ်ညပ်လို့ ထိုင်းဆန်တင် ပို့သူတွေဆီက ပေါင်းဆန်တန်ချိန် တစ်သိန်းနီးပါး ကို နိုက်ဂျီးရီးယားဝယ်ယူတယ်လို့  ဘန်ကောက် အခြေစိုက်  ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ဆန်ဈေးတွေ မြင့်တက်ခဲ့ ရာ ၁၀၀ မှတ်အဆင့် B ဆန်ဖြူဈေးဟာ ယခင် တစ်တန် ကန်ဒေါ်လာ ၅၄၀ ရှိရာမှ ၅၆၀ကို မြင့် တက်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းဆန်တင်ပို့မှု အားလုံးခြုံငုံရ ရင် အစိုးရကြားဖြတ်အစီအစဉ်အရ ဈေးနှုန်းယှဉ် ပြိုင်နိုင်မှုမရှိလို့ ဆန်ဝယ်လက်များ ဆန်တစ်တန် ဒေါ်လာ ၁၀၀ ခန့်သက်သာတဲ့ အိန္ဒိယနဲ့ ဗီယက် နမ်ဘက်ကို ရောက်ရှိခဲ့လို့ လျော့ကျနေပါတယ်။ ယခုနှစ်လက်ရှိ အချိန်ထိဆန်တင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၀၇ သန်းသာရှိလို့ ယခင်နှစ် ကာလတူ တင်ပို့ခဲ့တဲ့ တန်ချိန် ၂ ဒသမ ၁၅ သန်းရဲ့ထက်ဝက် ကို ကျဆင်းခဲ့ပါတယ်။ အဲဒီလိုတင်ပို့မှုကျဆင်းခြင်း ဟာ မျှော်မှန်းမထားတဲ့ ထိခိုက်မှုဖြစ်ခဲ့လို့ ဆန်တင် ပို့သူများဟာ ၎င်းင်းရဲ့အမှတ်တံဆိပ်ကို တိုးတက်မြှင့် တင်ဖို့ စတင်လာခဲ့ပြီး၊ ပြည်တွင်းမှာပဲ ၎င်းင်းတို့ဆန် များထုတ်ရောင်းချဖို့ကြိုးစားလာကြပါတယ်။ဆန်လက်လီဆိုင် အရေအတွက် သိသိသာ သာ တိုးတက်လာခဲ့ပါတယ်။ ဈေးဆိုင်တစ်ဆိုင် အတွင်းမှာ ဆန်အမှတ်တံဆိပ်အသစ် ၂၀၀ ခန့် ရောင်းချနေတာတွေ့တယ်လို့ လက်လီဆိုင်အုပ်စု ဖြစ်တဲ့ ထိုင်းဆန်ထုပ်ပိုးသူများ အသင်းဥက္ကဋ္ဌ  Somkiat  Makcayatham မှ ပြောကြားပါတယ်။ ယခုနှစ် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူနေရာမှာ ရှိနေတဲ့ ထိုင်းနိုင်ငံအနေနဲ့ ၎င်းင်းရဲ့နေရာကို ဗီယက် နမ်ကို ဆုံးရှုံးရဖွယ်ရှိနေပါတယ်။ ထိုင်းနိုင်ငံက ၂၀၁၁ မှာ ဆန်တန်ချိန် ၁၀ သန်းအထိ စံချိန်တင် တင်ပို့ခဲ့ပေမယ့် ၂၀၁၂ မှာတော့ တန်ချိန် ၇ သန်း ခန့်သာတင်ပို့ရဖွယ်ရှိတယ်လို့ ခန့်မှန်း ကြပါတယ်။တရုတ်ဝယ်လိုအားကြောင့် ဗီယက်နမ်ဆန်ဈေးတက် လတ်တလော ကမ္ဘာမှာ ဒုတိယအများဆုံး ဆန်တင်ပို့နေတဲ့ ဗီယက်နမ်ဆန်ကို အိမ်နီးချင်း တရုတ်က ဝယ်လိုအား တက်လာတာကြောင့် ဆန် ဈေးမြင့်တက် လာနေတယ်လို့ ကုန်သည်များက ဆိုပါတယ်။ VFA  ရဲ့ ဆန်သိုလှောင်မှု အစီအစဉ် မစတင်မီ လွန်ခဲ့တဲ့သီတင်းပတ် အတွင်း ပြည်ပ တင်ပို့ဈေးက ၃ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့တယ် လို့လည်း ဆိုပါတယ်။ ဝယ်ယူမှုမစတင်မီ လယ်သ မားများက ၎င်းတို့စပါးများ သိုလှောင်ထားပြီး တရုတ်ကို တင်ပို့နေတဲ့အတွက်  ယခုတစ်ပတ် အတွင်း ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်တယ်လို့ ဟိုချီမင်းမြို့ရှိ ပြည်ပကုန်သွယ်ရေးကုမ္ပဏီမှ ကုန် သည်တစ်ဦးက ဆိုပါတယ်။ပြည်ပတင်ပို့တဲ့ ကုမ္ပဏီများဟာ ဆန်သို လှောင်ဖို့ မတ်လ ၁၅ ရက်မှ ဧပြီလ ၃ ရက်တိုင် အောင် ဆောင်းစပါးတန်ချိန် ၂ သန်းဝယ်ယူသွား မှာဖြစ်ပြီး အစိုးရအစီအစဉ်အရ ဇွန်လ ၁၅ ရက် တိုင်အောင် ဈေးကွက်ကို ထိန်းသွားမှာ ဖြစ်ပါ တယ်။ ၅ မှတ်  FOB ဆန်ဈေးဟာ ယခင်တစ်ပတ် က တစ်တန်ကန်ဒေါ်လာ ၄၁၀-၄၂၀ ရှိရာမှ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး ကန်ဒေါ်လာ ၄၂၅-၄၃၀ ကို မြင့်တက်ခဲ့ပါတယ်။ ၂၅ မှတ်ဆန်ဈေးလည်း ၁ ဒသမ ၃ ရာခိုင်နှုန်းတိုးပြီး တစ်တန် ကန် ဒေါ်လာ ၃၈၀-၄၀၀ ဖြစ်လာပါတယ်။ယခုနှစ်  လက်ရှိအချိန်ထိ ဗီယက်နမ်က တရုတ်ကို ဆန်တန်ချိန် ၂ သိန်းတင်ပို့ဖို့ စာချုပ် ထားပြီး တရားဝင်စာရင်းမရှိတဲ့ စပါးများလည်း နယ်စပ်ကုန်သွယ်မှုမှတစ်ဆင့် မြောက်ပိုင်းမှရောင်း ချနေတယ်လို့ သိရပါတယ်။ တရုတ်ကိုတင်ပို့တဲ့ အမှန်ပမာဏကို ကုန်သည်များ ခန့်မှန်းရာမှာ ဗီယက်နမ်စားနပ်ရိက္ခာအသင်းက စာချုပ်ထားတဲ့ ပမာဏရဲ့ ၂ ဆခန့်ရှိမယ်လို့ ဆိုပါတယ်။ ၂၀၁၁ အတွင်း ဗီယက်နမ်မှ ဆန်တန်ချိန် ၃၀၉၀၀၀ ကို တရုတ်နိုင်ငံက တင်သွင်းခဲ့လို့ ၂၀၁၀ ခုနှစ်အတွင်း ဝယ်ယူခဲ့တဲ့ တန်ချိန် ၁၂၄၅၀၀ ရဲ့ ၁၅၀ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့တယ်လို့ ဗီယက်နမ် အကောက်ခွန်စာရင်းအရ သိရပါတယ်။ဖိလစ်ပိုင်ဝယ်လိုအားဖိလစ်ပိုင်နိုင်ငံတော် စားနပ်ရိက္ခာအာဏာပိုင် (NFA) က မတ်လ ၅ ရက်နေ့မှာ ဆန်တန်ချိန် ၁၉၀၀၀၀ တင်သွင်းဖို့ မတ်လ ၁၉ ရက်မှာတင်ဒါခေါ်ယူမယ်လို့ ကြေညာခဲ့ပါတယ်။ ဗီယက်နမ်က တင်ဒါရရှိလိမ့်မယ်လို့ ကုန်သည်များက မျှော်လင့်နေကြပါတယ်။ ဖိလစ်ပိုင်က ဗီယက်နမ်ဆန်ရဲ့ ပုံမှန်ဝယ် လက်ဖြစ်ပြီး ဈေးသက်သာနေတဲ့အတွက် တင်ဒါအောင်မယ်လို့  ခန့်မှန်းခြင်းဖြစ်ကြောင်း အိန္ဒိယကုန်သည် တစ်ဦးက ဆိုပါတယ်။ဖိလစ်ပိုင်နိုင်ငံက တစ်နှစ်ကို ဆန်တန်ချိန် ၁ ဒသမ ၅ သန်းနဲ့ ၂ သန်းအကြား လိုအပ်နေဆဲဖြစ်ပြီး ပြည်ပက တင်သွင်းဆန်ဈေးက ပြည်တွင်းထုတ်လုပ်မှုစရိတ်ထက် လျော့ကျနေဆဲဖြစ်ကြောင်း ဟိုချီမင်း မြို့မှ ဒုတိယဆန်တင်ပို့သူက ဆိုပါတယ်။                                                                    Source:Reuters