ဒေသတွင်းစားသုံးဖို့ နယ်စပ်ကုန်သွယ်ရေးမှ စားဆီများ စိစစ်တင်သွင်းခွင့်ပြုဖို့ စီစဉ် ပြည်တွင်းစားသုံးဆီဖူလုံဖို့အတွက် ပင်လယ်ရေ ကြောင်းမှ စားအုန်းဆီများကို အရည်အသွေးစိစစ်ပြီး ကျန်းမာရေးနဲ့ ညီ၊ မညီ စစ်ဆေးပြီးမှ တင်သွင်းခွင့်ပြု လျက်ရှိပါတယ်။ ဒါပေမဲ့ တစ်ဖက်နိုင်ငံများနဲ့ ဆက်စပ် လျက်ရှိတဲ့ ပြည်နယ်အချို့မှ နယ်စပ်ဒေသများမှာ အချိန် တိုပြီး သယ်ယူမှုလွယ်ကူတဲ့ နီးစပ်ရာနိုင်ငံတွေက စားသုံး ဆီများကို ကျန်းမာရေးစစ်ဆေးချက်မရှိဘဲ တင်သွင်း စားသုံးနေကြရပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှမ်း ပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ် အရှေ့ ပိုင်းရှိ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်း ဖြတ် စတဲ့ဒေသများရဲ့ စားသုံးဆီလိုအပ်ချက် ကို ဖြည့်ဆည်းနိုင်ရေး လစဉ် စားသုံးဆီတန် ၁၀၀ ကို တစ်ဖက်နိုင်ငံမှဝယ်ယူပြီး တာချီ လိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တင်သွင်းခွင့်ပြုဖို့ တင်ပြခြင်းအပေါ် အရည် အသွေး စံချိန်မီအမျိုးအစား စားသုံးဆီများကို တရားဝင်လုပ် ထုံးလုပ်နည်းနဲ့အညီ နိုင်ငံ တော်မှ တင်သွင်းခွင့်ပြုချက်အရ သက်ဆိုင် ရာပြည်နယ်က တင်သွင်းဖို့ စီမံနေတယ်လို့ သိရပါတယ်။တရားမဝင်လမ်းကြောင်းမှ ဆီမျိုးစုံဝင်လာဒါပေမဲ့ လတ်တလောမှာ တရားဝင် လမ်းကြောင်းမှ တင်သွင်းမှုမရှိသေးဘဲ "တာ့ တုံးယုံ" အမည်ရှိတဲ့ ပေပါဆီ၊ "ရှောက်မိုင်းယန့်" အမည်ရှိတဲ့ ၂ ပိဿာဝင်၊ ၃ ပိဿာဝင် လက်ကိုင်ပါ ပလတ်စတစ် အကြည်ဘူး ဆီနဲ့ Jin le (ဂျင်းလီ) လို့ ရိုက်နှိပ်ထားတဲ့ ပလတ် စတစ်အိတ် အကြည်နဲ့ထည့်ပြီး အပြင်က ဂျပ်စက္ကူနဲ့ အဆင့်မြင့် ထုပ်ပိုးထားတဲ့ ဆီတို့ကို မူဆယ်မြို့ တော်ရွက်လှဆိပ်နဲ့ ပန်း ခမ်းလှဆိပ်များမှ လည်းကောင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်အကြားရှိ နမ်းအွမ်ရွာကို ရှောင်ကွင်းလမ်းများမှ လည်းကောင်း၊ ကုန်စုံများနဲ့ ရောနှောတင်ဆောင် ဝင်ရောက် လျက်ရှိကြောင်း စုံစမ်းသိရပါတယ်။ တရုတ်နယ်စပ်မှ ဝင်လာတဲ့ ဆီများ လားရှိုး၊ မူဆယ်နဲ့ မန္တလေးဈေးကွက်မှာ ရောင်းချဒါ့အပြင် ပဲဆီအနံ့ထည့်ဆေးရည်ကို ပင်နီစလင်ပုလင်းငယ် အရွယ်နဲ့သယ်ယူ လာပြီး အမည်မသိဆီများမှာထည့်ပြီး ပဲဆီအဖြစ် ရောင်းချလျက်ရှိ ကြောင်းလည်း သိရပါတယ်။ တာတုံးယုံခေါ် ပေပါ ဆီဟာ ၁၁၅ ပိဿာဝင် အပြာရောင်ပလတ်စတစ် တစ်ပေပါကို ယွမ် ၁၈၀၀ (မြန်မာငွေကျပ် ၂၃၄၀၀၀) နဲ့ ရွှေလီမှ မူဆယ်ကို တစ်လ ပေပါ ၄၀-၅၀ လုံးခန့်ဝင်ပြီး မန္တလေးကို ဆက်လက်စီးဆင်း တယ်လို့ သိရ ပါတယ်။ ရှောက်မိုင်းယန့်ခေါ်တဲ့ ၁ ပိဿာ၊ ၂ ပိဿာ၊ ၃ ပိဿာ ဝင် လက်ကိုင်ပုံးအရွယ်အစားအစားရှိတဲ့ ပုံးဆီဟာ လွန်ခဲ့တဲ့ တစ်နှစ် ကျော်ကတည်းက ဝင်ရောက်လျက်ရှိပြီး မူဆယ်မြို့မှာ ၁ ပိဿာ ၂၁၀၀-၂၂၀၀ ကျပ်နဲ့ ဝယ်ယူသုံးစွဲမှုများပြီး မန္တလေးဈေးကွက်ကို လည်း တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ယင်းဆီမှာ တစ်လ ပိဿာချိန် ၉ သောင်းခန့်ကို နည်းမျိုးစုံနဲ့ ဝင်ရောက်မှုရှိတယ်လို့လည်း သိရပါ တယ်။ အဲဒီ 'ရှောက်မိုင်းယန့်'ဆီထုတ်လုပ်သူတွေကို လွန်ခဲ့တဲ့ ၈ လခန့်က တစ်ဖက်နိုင်ငံမှာ ဖမ်းဆီးအရေးယူခဲ့လို့ စက်ရုံပိတ်ခဲ့ရ ကြောင်း၊ တရုတ်နိုင်ငံ အခြားနေရာတွေမှာ ပြန်လည်ထုတ်လုပ်ပြီး မူဆယ်ဘက်ကို ဝင်ရောက်နေတယ်လို့လည်း စုံစမ်းလေ့လာသူများ ပြောကြားချက်အရ သိရပါတယ်။Jin le (ဂျင်းလီ) လို့ အင်္ဂလိပ်လိုရိုက်နှိပ်ထားတဲ့ ဂျပ်ဖာဆီ တစ်မျိုးကတော့ လွန်ခဲ့တဲ့ ၂ လ-၃ လ ခန့်ကစပြီး ဝင်ရောက်လာ တယ်လို့သိရပါတယ်။ အဲဒီဆီအရောင်က ရှောက်မိုင်းယန့်ဆီအရောင် နဲ့တူပြီး အနံ့မှာ စိမ်းရွှေရွှေအနံ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီဆီကို တော့ မူဆယ်မှာသုံးစွဲခြင်းမရှိဘဲ မန္တလေးကို တိုက်ရိုက်တင်ပို့တယ်လို့ သိရပါတယ်။ ရွှေလီမှာ တစ်ပိဿာ ၂၀၀၀ ကျပ်၊ မူဆယ်အရောက် ၂၁၀၀-၂၂၀၀ ကျပ်ရှိပြီး သယ်ယူစရိတ်အနေနဲ့ မူဆယ်မှ မန္တလေးကို ဂျပ်ဖာ တစ်ဖာ ၅၀၀၀ ကျပ်ခန့် ရှိတယ်လို့ သိရပါတယ်။ ဒီဆီကိုလည်း တစ်လ ပိဿာချိန် ၁၈၀၀၀ ခန့် တင်သွင်းနေကြတယ် လို့ သိရပါတယ်။ပြည်တွင်း ပဲဆီဈေးထက် လျော့ပေမဲ့ ကျန်းမာရေးအတွက် အာမခံချက်မရှိယခုလို တရားမဝင် အမည်မသိ အာမခံချက်မပါတဲ့ ဆီများကို ပဲဆီအနံ့ထည့်ပြီး ပဲဆီအဖြစ်ရောင်းချတယ်လို့ သိရပါတယ်။ ပဲဆီလို အရောင်ကြည်လင်ပြီး ရာသီဥတု ဘယ်လောက်ပဲ အေးအေး ဆီမခဲ ဘူးလို့ သိရပါတယ်။ ဟင်းချက်ပြုတ်ဖို့ ကြော်လှော်ရင်တော့ ဆီအတု မှန်းအနံ့ထွက်ရုံနဲ့ သိရှိနိုင်တယ်လို့ ဆိုပါတယ်။ အနံ့ဟာ အသားတု အနံ့နဲ့ အောက်သိုးသိုးအနံ့ ထွက်တယ်လို့ သိရပါတယ်။ပင်လယ်ရေကြောင်းက စားအုန်းဆီကို မန္တလေးဈေးကွက်မှာ တစ်ပိဿာ ကျပ် ၂၀၀၀ ဝန်းကျင် ရောင်းချနေချိန် တရားမဝင်ဆီ များကို တစ်ပိဿာ ၂၈၀၀ -၃၀၀၀ ကျပ်နဲ့ ပဲဆီအဖြစ်ရောင်းချ တယ်လို့ သိရပါတယ်။ ပြည်တွင်းပဲဆီဈေး တစ်ပိဿာ လက်ကား ၃၂၀၀ ကျပ်၊ လက်လီ ၃၇၀၀ ကျပ်ရှိချိန် ပဲဆီအတုကို ၂၈၀၀-၃၀၀၀ ကျပ်နဲ့ ရောင်းချတော့ အခြေခံလူတန်းစားတွေအနေနဲ့ ဈေး သက်သာတဲ့ ရောဆီတွေကို စားသုံးမှုများလာခြင်း ဖြစ်တယ်လို့ သိရ ပါတယ်။ ဒါပေမဲ့ တစ်ဖက်နိုင်ငံမှ လိုင်စင်မဲ့ဝင်ရောက်လာတာဖြစ်လို့ အရည်အသွေးစစ်ဆေးမှုနဲ့ ပတ်သက်လို့ ပြည်တွင်းကျန်းမာရေး ထောက်ခံစာမပါရှိသလို အမှတ်တံဆိပ်များမှာလည်း တရုတ်ဘာသာ ဖြင့်သာ ပါရှိတဲ့အတွက် စားသုံးဖို့သင့်မသင့် မသိရှိရတဲ့အခြေအနေ ဖြစ်နေပါတယ်။တရားဝင်လမ်းကြောင်းမှ အရည်အသွေးမှန်ဆီများ ဝင်ရောက်ရေး ပူးပေါင်းဒါကြောင့်လည်း သက်ဆိုင်ရာဌာနများက ကွင်းဆင်းစိစစ်ပြီး ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်နိုင်ဖို့ FDA ကို နမူနာပေးပို့ တင်ပြ ထားတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်းက တရားဝင်တင် သွင်းနေတဲ့ စားအုန်းဆီတွေကို စားသုံးမှုသင့်မသင့် FDA စစ်ဆေးပြီး ထောက်ခံချက်ပါရှိမှသာ ရောင်းချခွင့်ပြုထားသလို နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းမှန်ပေါ်က တရားဝင်တင်သွင်းလာတဲ့ ဆီများကို လည်း အဲဒီလိုလုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်သွားဖို့ အရည် အသွေး စံချိန်စံညွှန်းများမှန်ကန်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီး မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း ပြည် ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီနဲ့ အစိုးရဌာနများ ပူး ပေါင်းသွားမယ်လို့ သိရပါတယ်။တရုတ်နိုင်ငံမှာ စွန့်ပစ်ဆီများ ပြန်လည်သန့်စင်ရောင်းချမှုများကို ပြင်းထန်တဲ့ အရေးယူမှုတွေနဲ့ တားဆီး မိမိတို့ရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ စားသောက်ကုန် ဘေး ကင်းစိတ်ချရေးအတွက် ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ နို့မှုန့်ပြဿနာနောက်ပိုင်း အရေးတယူ ဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ ၂ နှစ်အတွင်းမှာ စားသောက်ဆိုင်များမှ စွန့်ပစ်ဆီ များကို စုဆောင်းကာ ပြန်လည်သန့်စင်ပြီး စားဆီအဖြစ် ပြန်လည် ရောင်းချမှု ပျံ့နှံ့လာခဲ့ပြီး အဲဒီဆီထဲမှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ကင်ဆာရောဂါဖြစ်ပွားနိုင်တဲ့ အရာများတွေ့ရှိခဲ့တာကြောင့် အရေးယူ တားမြစ်မှုတွေ လုပ်ခဲ့ပါတယ်။ ၂ နှစ်အတွင်း စွန့်ပစ်ဆီပြန်ထုတ်လုပ် တဲ့ စက်ရုံ ၁၀၀ ခန့် ဖျက်ဆီးခဲ့ပြီး ၈၀၀ ဦးကို ဖမ်းခဲ့တဲ့အပြင် ပြီးခဲ့ တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာလည်း စွန့်ပစ်ဆီ ထုတ်လုပ် ရောင်းချစားသုံးသူတွေ တွေ့ရှိပါက သေဒဏ်အထိ အပြစ်ပေးသွား မှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာကို ခ့ငညေိငေူပ မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ အန္တရာယ်ရှိဆီများ ပြည်တွင်း မဝင်နိုင်အောင် ပိတ်ဆို့ကာကွယ်သင့်ဒီလို တရုတ်နိုင်ငံက တင်းတင်းကျပ်ကျပ် တားဆီးမှုတွေလုပ် လာတဲ့ အန္တရာယ်ရှိဆီကို ကိုယ့်အကျိုးသာကြည့်တဲ့ လုပ်ငန်းရှင်တချို့ က မြန်မာနိုင်ငံအတွင်း ဖြန့်ဖြူးရောင်းချမှာကို မိမိတို့နိုင်ငံအနေနဲ့ လည်း အဝင်မခံရအောင် ပိတ်ဆို့ဖို့ လိုအပ်မှာဖြစ်ပါတယ်။ လတ်တ လော အထက်ဖော်ပြပါ အမည်မသိဆီများ အဝင်စိပ်လာတဲ့အပေါ် ကိုယ်တိုင်စားသုံးသူလဲဖြစ်သလို ရောင်းဝယ်ဖောက်ကားတင်သွင်းသူ များအနေနဲ့လည်း အတ္တအကျိုးထက် မိမိအမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီး အမှတ်တံဆိပ် တိတိကျကျပါဝင်ပြီး အာမခံနိုင်တဲ့ အရည် အသွေးကောင်းဆီများကို စားသုံးဖို့သင့်မသင့် စစ်ဆေးနိုင်တဲ့ တရား ဝင်လမ်းကြောင်းက တင်သွင်းရောင်းချရင်ဖြင့် လူသာဓုခေါ် နတ်သာ ဓုခေါ်မယ့် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။စားသုံးဖို့ သင့်၊ မသင့် အများသိအောင်ကြေညာမယ်တစ်ဖက်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာတဲ့ ဆီတွေထဲက စိစစ်တွေ့ရှိထားတဲ့ ဆီ ၃ မျုးိကို သက်ဆိုင်ရာ ဌာနမှ ပြည်သူလူထု စားသုံးဖို့သင့်မသင့် စစ်ဆေးဖို့ FDA ကို နမူနာပေးပို့ထားပြီးဖြစ်သလို ရလဒ်ထွက်ရှိပါကလည်း အများသိရှိအောင် ကြေညာသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုလိုသတင်းအချက်အလက် မြန်ဆန်စွာ ရရှိနေတဲ့ Information ခေတ်ကြီးမှာ စားသုံးသူများအနေနဲ့လည်း ကျန်းမာရေးအသိရှိရှိနဲ့ ဈေးချိုတာ မမက်ဘဲ ယုံကြည်စိတ်ချရတဲ့ အစားအသောက်များ ရွေးချယ်စားသောက်နိုင်ကြပါစေလို့ ဆန္ဒပြု လိုက်ရပါတယ်။
Background