ကမ္ဘာတည်သရွေ့ မြန်မာပြည်ရှိရမယ်
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီမှ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း ထုတ်ပေးရေး မိုးပွင့်အဆင့် ၂ စီမံချက်၊ အမျိုးသားအဆင့်လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် ဗဟိုသန်း ခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို မတ် ၃ ရက်က မုံရွာမြို့ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနဲ့ဌာနဆိုင်ရာများ၊ ခရိုင်မြို့ နယ် အုပ်ချုပ်ရေးမှူးများ၊ လဝကမှူး များ တက်ရောက်ခဲ့ပါတယ်။ပြည်ထောင်စုဝန်ကြီးက ရှင်းလင်း ဆွေးနွေးရာမှာ နိုင်ငံသားစိစစ်ရေး ကတ်များရဲ့တန်ဖိုးကို သိရှိနားလည်စေ ဖို့ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားရှိထားပါမှ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်များ၊ ခံစားခွင့်ရှိမှာဖြစ်ကြောင်း၊ မွေးရာပါ နိုင်ငံသားများကို နိုင်ငံသား စိစစ်ရေးကတ်ရရှိရေး၊ မြန်ဆန်လွယ်ကူ အောင် အခက်အခဲများကို ရှာဖွေစိစစ် လျှော့ချပြီး ဆောင်ရွက်ပေးလျက်ရှိရာ မိုးပွင့်အဆင့် ၂ စီမံချက်ကို လက်ရှိ ဆောင်ရွက်နေပြီး၊ ဆက်လက်ဆောင် ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို ၁၉၇၃ ခုနှစ်မှာတစ်ကြိမ်၊ ၁၉၈၃ ခုနှစ် မှာတစ်ကြိမ် ကောက်ယူခဲ့ပြီးနောက်၊ အကြောင်းအမျိုးမျိုးကြောင့် ကွက် ကောက်စာရင်းများ၊ အခြေခံအချက် အလက်များ၊ ပုံသေနည်းသတ်မှတ်ချက် များနဲ့ လူဦးရေစာရင်း တွက်ချက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ယခု ဗဟိုသန်းခေါင် စာရင်း ကောက်ယူရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အတွေ့အကြုံရှိသူများ၊ နိုင်ငံခြားသားပညာရှင်များရဲ့ အကူ အညီကိုရယူပြီး၊ ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးနောက် ၂၀၁၄ ခုနှစ်မှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြန်မာ နိုင်ငံရဲ့ လူဦးရေအချိုးအစားမှာ အလုပ် လုပ်နိုင်သူ လူဦးရေဟာ အများဆုံးဖြစ် နေပြီး၊ ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းတဲ့အနေအထားဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လူဦးရေနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မရှင်ကို ဖွဲ့စည်းထား ပြီး၊ မိမိတို့နိုင်ငံရဲ့ ရေမြေအနေအထား၊ ပတ်ဝန်းကျင်၊ အစားအစာတို့အပေါ်မူ တည်ပြီး ဖြင့်သင့်တဲ့အနေတော် လူဦး ရေကို သုံးသပ်သွားမှာဖြစ်ကြောင်း၊ လူ ဦးရေစာရင်းကောက်ယူရာမှာ သေ လျှော့၊ မွေးတိုး၊ ပြောင်းရွှေ့စာရင်းများ မထပ်၊ မကျန်ဖြစ်စေဖို့ တိကျမှန်ကန် စေဖို့ သက်ဆိုင်ရာ တာဝန်ရှိသူများနဲ့ ပြည်သူအားလုံးမှ ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း ရှင်းလင်းဆွေးနွေး ခဲ့ပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီး ချုပ်မှ ဖြည့်စွက်ဆွေးနွေးရာမှာ မိမိတို့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအများ ဆုံးနိုင်ငံနှစ်ခုကြားမှာရှိခြင်း၊ ပတ်ဝန်း ကျင် နိုင်ငံအားလုံးနီးပါးဟာ အကျယ် အဝန်းအနေအထားထက် လူဦးရေ များပြားသော နိုင်ငံများဖြစ်နေခြင်း တို့ကြောင့် "ကမ္ဘာတည်သရွေ့ မြန်မာ ပြည်ရှိရမယ်"ဆိုတဲ့ mind power ထား ရှိပြီး၊ လူမျိုးမျိုမည်ကို ကာကွယ်ရမှာဖြစ် ကြောင်း၊ ကာကွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဆင်းရဲမှု လျှော့ ချရေး စတဲ့ အဓိကစီမံကိန်းအားလုံးရဲ့ သော့ချက်ကလူဦးရေပင်ဖြစ်ပါကြောင်း၊ လူတစ်ဦးကျဝင်ငွေ တိုင်းတာခြင်း၊ ဒေသဝမ်းစာ ဖူလုံမှုတွက်ချက်ခြင်း၊ စားသုံးမှုပိုလျှံပြီး ပြည်ပတင်ပို့ရန်နဲ့ ပြည်ပမှသွင်းဖို့ လိုအပ်ချက်သုံးသပ်ရာ များမှာ လူဦးရေဟာ အရေးကြီးတဲ့ ကဏ္ဍဖြစ်တာကြောင့် သိပ္ပံနည်းကျ အဆင့်မြင့် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူခြင်းလုပ်ငန်းအား အလေးထား ပူးပေါင်းဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ရီလင်းထွဋ်
