Main menu

Background

ဒေသနွားမွေးမြူရေးအတွက် ချေးငွေယူပြီး နွားကောင်ရေ တိုးတက်အောင်မွေးမြူပါက လာမယ့်နှစ် ဆက်ချေးမယ်ဟုဆို

Sun, 03/25/2012 - 05:20 -- Anonymous (not verified)

မန္တလေးတိုင်းဒေသကြီးမှာ ဒေသနွားမွေးမြူရေးအတွက် ချေးငွေယူပြီး မွေးမြူ သူများအနေဖြင့် နွားကောင်ရေ တိုးတက် အောင်မွေးမြူပြီး နွားအရည်အသွေး မြင့်မားအောင်မွေးမြူပါက လာမယ့်နှစ်မှာ ငွေဆက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးမြင့်သန်းမှ မတ် ၁၀ ရက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများနဲ့ တွေ့ဆုံပွဲ တွင် ပြောပါတယ်။မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်မှာ နွားကောင်ရေ ၂၀၀၊ နွားထိုးကြီးမြို့နယ်မှာ နွားကောင်ရေ ၂၀၀၊ ရမည်း သင်းမြို့နယ်မှာ နွားကောင်ရေ ၉၂ ၊ ပျော်ဘွယ်မြို့နယ်မှာ နွားကောင်ရေ ၉၀ အတွက် နွားတစ်ကောင်ကို ကျပ် ၂၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်းတစ်ထောင် ထုတ်ချေးပေးပြီးဖြစ်ကြောင်း သိရပါတယ်။နွားထိုးကြီးမြို့နယ်နဲ့ တံတားဦးမြို့နယ်ရှိ ကျေးရွာများမှ နွားမွေးမြူသူများနဲ့ ဝန်ကြီးမှတွေ့ဆုံခဲ့ရာမှာ ယင်းမြို့နယ်များမှာ ယခင်ကတည်းက နွားမွေးမြူလျက်ရှိပေမဲ့ တံတားဦးမြို့နယ် ဝမ်းသာကုန်ကျေးရွာအုပ်စု ရွာများမှ နွားနို့ကို လမ်းတစ်ကြောင်း တည်း ပို့နိုင်ကြောင်း၊ ချေးငွေရရှိတဲ့ မွေးမြူသူများအနေဖြင့် နွားနို့ပိုထွက်ပြီး နွားကောင်ရေပိုရအောင် အရည်အသွေးမြင့် နွားများမွေးမြူပါက လာမယ့်နှစ်တွင် ဆက်ချေးပေးမှာဖြစ်ကြောင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရ မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပါတယ်။ကျွဲနွားကျန်းမာရေးအတွက် ထောင့်သန်းရောဂါကို တစ်နှစ်တစ်ကြိမ်၊ ပေါင်ပုပ် လက်ပုပ်ရောဂါနဲ့ လည်ချောင်းကွဲရောဂါကို ခြောက်လတစ်ကြိမ်အဖြစ် ကာကွယ်ဆေးကို ထိုးနှံထားသင့်ကြောင်း ရာသီအပြောင်းအလဲဖြစ်တဲ့အချိန်ကာလမှာ ခွာနာ လျှာနာရောဂါကာကွယ်ဆေးများကို အခါအားလျော်စွာ ထိုးနှံသင့်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှုး ဒေါက်တာသောင်းထိုက်က ပြောကြားပါတယ်။ နွားမွေးမြူသူများက နွားကောင်ရေတိုးပြီး ကြီးထွားမှုကြည့်ပြီး အစာနှင့် ဆေးများလည်း ကူညီပေးမှာဖြစ်ကြောင်း၊ အကူအညီလိုပါရင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများတွင် ဆက်သွယ်ပါက မွေးမြူရေးအစာ ထုတ်လုပ်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။                     ဇူးဇူး