မန္တလေးတိုင်းဒေသကြီး၊ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးအား ကဏ္ဍများစွာ နဲ့ဆောင်ရွက်လျက်ရှိရာ ကျေးလက် ဒေသ အသေးစား ကုန်ထုတ်လုပ်ငန်း များ ဖွံဖြိုးတိုးတက်ရေးအတွက် ပထမ အကြိမ် ချေးငွေကျပ် ၆၇၃ ဒသမ ၅ သိန်းကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလက မြို့နယ် ၁၀ ခု၊ ကျေးရွာ ၁၃ ရွာ၊ လုပ် ငန်း ၁၃ ခုကို ထုတ်ချေးပြီးဖြစ်ပါတယ်။ အခုဒုတိယအကြိမ်အဖြစ် မြို့နယ် ၉ ခု၊ ကျေးရွာ ၁၀ ရွာမှာရှိတဲ့ အိုးလုပ် ငန်း၊ တောင်း၊ ဆန်ကော၊ ဆန်ကာ လုပ်ငန်း၊ ဖျာလုပ်ငန်း၊ လက်ရက်ကန်း လုပ်ငန်း၊ ဂျုံရိုးဦးထုပ်လုပ်ငန်းနဲ့ လယ် ယာသုံးပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်း ၁၀ ခု၊ လုပ်ငန်းရှင် ၁၀၀၄ ဦးကို ကျပ် ၆၁၁ ဒသမ ၅ သိန်း ထုတ်ချေးပေးနေပြီ ဖြစ်ပါတယ်။ ချေးငွေ ထုတ်ချေးပေးခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ကြီးကြပ်မှုအရ ဆောင်ရွက် လျက်ရှိပြီး ကျေးလက်ဒေသ အသေး စား ထုတ်ကုန်လုပ်ငန်းများသို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ ၂၀၁၂ ခုနှစ် မတ်လထိ ချေးငွေစုစုပေါင်း ၁၂၈၅ သိန်းထုတ်ချေးပေးပြီး အရစ်ကျပြန်ဆပ် ငွေ ၃၆၃ ဒသမ ၇ သိန်း ကောက်ခံ ရရှိပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ဇေယျာဆွေ
Background