Main menu

Background

နယ်စပ်မှ သစ်သီးဝလံအမယ်စုံ တင်ပို့နေ

Sun, 03/25/2012 - 06:05 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ကန်ပိုက်တီးနယ်စပ် များမှ ဖရဲသီး၊ သခွားမွှေးနဲ့ တစ်ရှူးငှက်ပျောများ ကို တင်ပို့ လျက်ရှိပြီး ရိဒ်နယ်စပ်မှ ထောပတ်သီးများ တင်ပို့လျက်ရှိပါ တယ်။ မတ်လ ၇ ရက်မှ ၁၃ ရက်မှာ မူဆယ်နယ်စပ်မှ သခွား မွှေးတန် ၂၁၀၀ ကျော်ယခင်အပတ်ကထက် အပို့ပိုခဲ့ပါတယ်။ သခွားမွှေးဈေးတွေကတော့ ရွှေသခွားမွှေး ၁ ကီလိုက ၅ ယွမ်ထိဈေးရပြီး ပိုက်ကွက်သခွားမွှေးက ၃ ယွမ်အထက်နဲ့ ရိုးရိုးသခွားမွှေးက ၁ ကီလို ၁ ယွမ်မှ ၁ ယွမ်ခွဲ ဈေးရနေ တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်မှ သခွားမွှေး ၅၀၃၃ တန် ကန်ဒေါ်လာ ၁ ဒသမ ၁၁၆ သန်းဖိုး တင်ပို့နိုင် ခဲ့ပြီး ဖရဲသီး ၉၃၉၄ တန်ခန့် ကန်ဒေါ်လာ ၁ ဒသမ ၅၀၄ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကန်ပိုက်တီးနယ် စပ်မှကန်ပိုက်တီးဒေသထွက် ၈၁၁၃၄ ဒေါ်လာတန်ဖိုးရှိ တစ်ရှူးငှက်ပျော ၆၅၈ တန် အပို့ရှိပြီး ယခင်အပတ်ကထက် ၂၂၆ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မန္တလေးတိုင်း ဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးထွက် ထောပတ်သီး ၂ တန်ခွဲ၊ ကျပ် သုည ဒသမ ၃၇၅ သန်းဖိုးကိုလည်း အိန္ဒိယနယ်စပ်ရှိ ရိဒ်နယ် စပ်ကုန်သွယ်ရေးမှ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ကန် ဒေါ်လာ သုည ဒသမ ၂၄၁ သန်းတန်ဖိုးရှိပန်းသီး၅၅၃ တန် ခန့် မူဆယ်မှ ၅၁၈ တန်နဲ့ ကန်ပိုက်တီးမှ ၃၅ တန်ကို ယခု အပတ်မှာ တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT)