Main menu

Background

မူဆယ်နဲ့ တမူးနယ်စပ်တို့က ပရဆေးကုန်သွယ်မှု

Sun, 03/25/2012 - 06:07 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၀၇၂ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၅၆၆ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခုအပတ်မှာ ယခင်အပတ်က အပို့ မရှိခဲ့တဲ့ချင်းခြောက်၊ တောင်လုံးကျော်နဲ့ တောဂျူးမြစ်အပို့ရှိခဲ့ပြီး ချဉ်ပေါင်ဖာလာ (အခွံပါ/မပါ)၊ နနွင်းတက် (ရှမ်းစ)၊ ကွမ်းစား ဂမုန်း၊ ကြောင်လျှာစေ့များ အပု့ိပိုခဲ့ပါတယ်။ ဒါပေမယ့် မိချောင်းကွမ်းဖတ်စေ့၊ တောဂျင်းနဲ့ ဒရင်ကောက်မြစ်တို့ အပို့လျော့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်အပတ်ကထက် ၁၀၃ တန် အပို့လျော့ခဲ့ပြီး တမူးနယ်စပ်မှာတော့ ယခင်အပတ်က အသွင်း မရှိခဲ့ပေမယ့်  ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်းနဲ့ ဖာလာတို့လည်း အသွင်းရှိနေပါတယ်။MIRT(DOBT)