Main menu

Background

တရုတ်နယ်စပ်မှ ငါးရှဉ့်အပို့လျော့ပေမယ့် ကဏန်းအပို့ပို

Sun, 03/25/2012 - 06:08 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်များမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ငါးရှဉ့် ၁၅၄ တန်ခန့်နဲ့ ကဏန်း တန် ၇၀ ကျော် တင်ပို့နိုင် ခဲ့တဲ့အတွက် ယခင်အပတ်နဲ့နှိုင်းယှဉ်လျှင် ငါးရှဉ့် ၂၂ တန် အပို့လျော့ခဲ့ပေမယ့် ကဏန်းတင်ပို့မှုမှာတော့ ၃၄ တန် ပိုမိုခဲ့ တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက်တင်ပို့မှုတွေကတော့ ငါးရှဉ့်ကို မူဆယ်မှ တန် ၁၁၀ ကျော်နဲ့ ချင်းရွှေဟော်မှ ၄၃ တန်ကျော်၊ ကဏန်းကို မူဆယ်မှ တန် ၇၀ ခန့်နဲ့ ချင်းရွှေ ဟော်မှ သုည ဒသမ ၆၈၄ တန် အသီးသီးဖြစ်ပြီး ယခုအပတ် မှာ ငါးရှဉ့်တင်ပို့မှုမှ ကန်ဒေါ်လာသုညဒသမ ၉၃၃ သန်းနဲ့ ကဏန်းတင်ပို့မှုမှ ကန်ဒေါ်လာသုညဒသမ ၂၉၂ သန်း ဆောင် ရွက်နိုင်ခဲ့ပါတယ်။    MIRT(DOBT)