Main menu

Background

ထိုင်းနယ်စပ်စခန်းများမှ ရေထွက်ကုန် ၃၄၈၉ တန်ကျော် တင်ပို့နိုင်

Sun, 03/25/2012 - 06:11 -- Anonymous (not verified)

    မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၃၈၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၃၄၈၉ တန်ကို ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်တဲ့ မြဝတီ၊ ကော့သောင်းနဲ့ မြိတ်တို့မှ တင်ပို့နိုင်ခဲ့ပါတယ်။ စခန်း အလိုက် တင်ပို့နိုင်မှုတွေကတော့ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်း တန်ဖိုးရှိ ငါး ၅၂ တန်၊ ပုစွန် ၈ တန်နဲ့ ကဏန်း တန် ၇၀ ဝန်းကျင်၊ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၈၆၃ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၀၉၂ တန်၊ ကင်းမွန် ၁ ဒသမ ၆ တန်၊ ကဏန်း ၆ ဒသမ ၅ တန်၊ ပုစွန် ၁ ဒသမ ၇၇၅ တန်၊ ငါး ဆားနယ် ၇၀ ဒသမ ၂၉ တန်နဲ့ ခရု သုည ဒသမ ၇၃၀ တန် တင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ မြိတ်နယ်စပ်မှ ယခုအပတ်မှာ ငါးမျိုးစုံ ၂၀၅၄ တန်၊ ရေငန်ပုစွန် ၂၇ တန်ကျော်၊ အေးခဲကင်းမွန် တန် ၂၀ ခန့်၊ ငါးဆားနယ် ၄၂ တန်ကျော်နဲ့ ငါးမှုန့် တန် ၁၀၀ ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၆၇ သန်းဖိုး တင်ပို့နိုင် ခဲ့တယ်လို့ သိရပါတယ်။MIRT (DOBT)