မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နှင့် ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၁၄၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၆၇၈ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် မူဆယ်မှ ၁၆၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ ၇၃၀၁ တန်နဲ့ ကန်ပိုက်တီးမှ ၃၇၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ် မိမိဘက် မြေပြင်ပေါက်ဈေးက ၂၇၃၁၂၀ ကျပ်ဖြစ်ပြီး ယခင် အပတ်ကထက် ၆၃၂၉ ကျပ် ဈေးပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံဈေးမှာတော့ ၃၁၇ ဒေါ်လာဖြစ်ပြီး ယခင်အပတ်ကထက် ၂ ဒေါ်လာ လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ MIRT (DOBT)
Background