Main menu

Background

တရုတ်နိုင်ငံတင်သွင်းမှု ပိုမိုခြင်းက ကမ္ဘာ့ပြောင်းရောင်းချမှုကို ပိုမိုကျပ်တည်းစေနိုင်

Sun, 03/25/2012 - 06:33 -- Anonymous (not verified)

    ကမ္ဘာမှာ ပြောင်းဒုတိယအများဆုံးစားသုံးတဲ့ တရုတ်နိုင်ငံမှ ပြောင်းတင်သွင်းမှုက ၁၄ ရာခိုင်နှုန်းခန့်အထိ ပိုမိုမြင့်တက်မယ်လို့ ဘေဂျင်းနဲ့ အမေရိကန်စိုက်ပျိုးရေးဌာနတို့ က ခန့်မှန်းထားလို့ ကမ္ဘာ့ပြောင်းရောင်းချမှုနည်းနေတဲ့ လက်ရှိအခြေအနေထက် ပိုမို ကျပ်တည်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တရုတ်နိုင်ငံရဲ့ ပြည်တွင်းအမှန်ရောင်းချမှုနဲ့ ဝယ်လိုအားခန့်မှန်းချက်တို့ကို ဖြည့်ဆည်းဖု့ိအပိုတင်သွင်းမှုဟာ၄ လနီးပါးအတွင်း မြင့် တက်နေပြီးဖြစ်တဲ့နိုင်ငံတကာ ပြောင်းဈေးကို ပိုမိုမြင့်တက်ဖို့ဖြစ်လာစေနိုင်ပါတယ်။ တိရစ္ဆာန်အစာအတွက်ပြောင်းကိုအစားထိုးသုံးစွဲခဲ့တဲ့အတွက်ပြောင်းဈေးမြင့်တက်ရင် ဂျုံ ဈေးကွက်ကိုလည်း သက်ရောက်နိုင်ပါတယ်။    တရုတ်နိုင်ငံတော် စာရင်းအင်းဗျူရိုက ၂၀၁၁ မှာ ပြောင်းထွက်ရှိမှုဟာ တန်ချိန် ၁၉၁ ဒသမ ၈ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမယ့် JC Intelligence(JCI)   မှ ဝါရင့်လေ့လာဆန်းစစ်ပညာရှင်  Li  Qiang  က ခန့်မှန်းထား တာတော့ ဗျူရိုကခန့်မှန်းသလောက် ပြောင်းထွက်ရှိမှု မများနိုင်ဘူးလို့ ဆိုပါတယ်။ အချို့ သမဝါယမများ၊ အဓိကကုန်သွယ်ရေးကုမ္ပဏီများနဲ့ JCI ခန့်မှန်းချက်တို့အပေါ် အခြေခံပြီးရိုက်တာမှစစ်ဆေးခန့်မှန်းရာမှာ တရုတ်နိုင်ငံမှာ ပြောင်းလက်ကျန်က တန်ချိန် ၆ ဒသမ ၈ သန်းနဲ့ ၂၄ သန်းအကြားသာရှိနိုင်လို့ ရက်ပေါင်း ၁၂ ရက်နဲ့ ၂၄ ရက် စားသုံးနိုင်တဲ့ ပမာဏသာရှိတယ်လို့ သိရပါတယ်။    မျှော်မှန်းထားတာထက် ရောင်းချမှုပမာဏက နည်းတဲ့အတွက် ပြည်တွင်းဈေးကွက် အတွင်းသက်ရောက်မှု ရှိနေပါတယ်။ ပြည်တွင်းစက်မှု ကုန်ကြမ်းပြုပြင်ထုတ်လုပ်သူများ နဲ့ နိုင်ငံပိုင် ဝယ်ယူရေးအေဂျင်စီများအကြား ပြောင်းရောင်းချမှုယှဉ်ပြိုင်လာတာကြောင့် ပြည်တွင်းပြောင်းဈေး ပိုမိုမြင့်တက်လာပါတယ်။    နိုင်ငံပိုင်သီးနှံဝယ်ယူသူများဟာ နိုင်ငံတော်သိုလှောင်မှုကို ဖြည့်ဆည်းဖို့ ရုန်းကန်နေ ခြင်းက အစိုးရဝယ်ယူမှုကို တက်စေတာကြောင့် ပြုပြင်ထုတ်လုပ်သူများအတွက် ဝယ်ယူမှု အကန့်အသတ်သာရှိနေတယ်လို့သိရပါတယ်။  လူဦးရေတိုးတက်လာခြင်းနဲ့အတူ အသား စားသုံးမှု ပိုမိုကြီးထွားလာခြင်းက စားနပ်ရိက္ခာဈေးနှုန်းကို မြင့်တက်စေတဲ့အတွက် ပြည် တွင်းဈေးနှုန်းကျဆင်းစေဖို့နဲ့ ရောင်းချမှုကို မြှင့်တင်ဖို့အတွက် လွန်ခဲ့တဲ့ ၃ နှစ်အတွင်း အစိုးရသိုလှောင်မှုထဲက ထုတ်ရောင်းချမှုတွေ ရှိခဲ့လို့ အစိုးရသိုလှောင်မှုဟာ လျာထား ပမာဏအောက်မှာ ရှိနေပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာနက ယခုနှစ်တရုတ် ဝယ်လိုအား ဖြည့်ဆည်းဖို့ တန်ချိန် ၄ သန်းခန့် ပိုသွင်းရမယ်လို့ ဆိုပါတယ်။    တရုတ်နိုင်ငံကယခင်နှစ်နှောင်းပိုင်း ပြောင်းရိတ်သိမ်းမှုပြီးစီးကတည်းက ပထမ အကြိမ်ဝယ်ယူမှုအနေနဲ့လွန်ခဲ့တဲ့သီတင်း ၂ပတ်ကပြောင်းတန်ချိန်၁၂၀၀၀၀ ဝယ်ယူခဲ့ပါ တယ်။၂၀၁၀ နဲ့၂၀၁၁ တို့မှာပြောင်းဈေးကမြင့်တက်နေခဲ့ပြီး၊ယခုနှစ်ဘရာဇီးနဲ့ အာဂျင် တီးနားတို့မှာ မိုးခေါင်ခြင်းအပေါ်ဝယ်လက်များစိုးရိမ်နေကြတဲ့အတွက် ယခုတစ်ပတ် ချီကာကိုမှာပြောင်းဈေးကဇန်နဝါရီလနောက်ပိုင်းအမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ယခု နှစ် အမေရိကန်ပြောင်းလက်ကျန်ကလည်း ၁၆ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းနိုင် တယ်လို့USDA ကခန့်မှန်းထားလို့ တရုတ်ဝယ်လိုအား ပြည့်မီဖို့ အမေရိကန် တင်ပို့နိုင်မှု ကျဆင်းမယ်လို့ ဆိုပါတယ်။                          ယမင်းခင်၊Source:Reuters