Main menu

Background

ပင်လယ်ရေကြောင်း အပို့ပမာဏ မြင့်တက်

Sun, 03/25/2012 - 06:35 -- Anonymous (not verified)

    မတ်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၁၁၀၃၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၉၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၄၀၀၊ စင်ကာပူကို ၂၂၂ တန်နဲ့ မလေးရှားကို ၄၈၁ တန် အသီးသီးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်ထက် နှစ်ဆပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှလည်း တရုတ်နဲ့ ထိုင်းနယ်စပ်တွေကနေ တန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါ တယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ RSS03 တစ်တန်ကို ဒေါ်လာ (၃၇၀၀-၃၈၀၀) နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၃၆၀၀-၃၇၀၀) ကြား ဈေးပေါက်တယ်လို့ သိရပါတယ်။                                       K.Z.W