Main menu

Background

မြိတ်နယ်စပ်မှ ရော်ဘာအပို့ အနည်းငယ်ပို

Sun, 03/25/2012 - 06:38 -- Anonymous (not verified)

    မြန်မာ - ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၉၉ သန်း တန်ဖိုးရှိRSS - 3   ၁၁၁ တန်ကျော် တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၂၈ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မြိတ်နယ်စပ်ကအပို့ပိုခဲ့ပေမယ့်မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်များမှ တရုတ်ဖက်သို့ ရော်ဘာအပို့ကတော့ ယခု အပတ် လျော့နည်းလျက်ရှိပါတယ်။ မူဆယ်မှMSR - 20  တန် ၁၆၀ ခန့်၊ MSR - 50   ၁၃၈ တန်ကျော်နဲ့ RSS - 5 ၅ တန်၊RSS - 3  ၂၆၅ တန်ကျော် စုစုပေါင်း ကန်ဒေါ်လာ ၁ ဒသမ ၃၉၃ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၅၆၈ တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၃၈သန်းတန်ဖိုးရှိ RSS - 3   ၃၆၇တန်ကျော် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ်မှ MSR - 20  နဲ့  MSR - 50  အပို့ပိုခဲ့ သော်လည်း RSS - 3   တင်ပို့မှု တန် ၁၀၀ ကျော် လျော့နည်းပြီး ချင်းရွှေဟော်မှလည်း RSS - 3  ၁၂၆ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြေပြင်ပေါက်ဈေးများကိုကြည့်ရာမှာ တစ်ဖက်နိုင်ငံဈေးများ ပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ဈေးများ ၁ သိန်းမှ ၁ ဒသမ ၆ သိန်းကျော်ထိ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။ နှစ်ဖက် မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                            မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု            ယခင်        ပြောင်းလဲမှု      %    ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3    ၂၉၂၁၀၀၀    ၂၇၅၅၂၀၀      ၁၆၅၈၀၀        ၆    ၃၆၅၁    ၃၆၅၁           -            -RSS - 5    ၂၇၉၄၀၀၀    ၂၆၈၈၀၀၀      ၁၀၆၀၀၀        ၄    ၃၄၉၂    ၃၄၉၂           -             - MIRT (DOBT)