ခိုင်မာသော ကုန်သည်အသင်း ထူထောင်ရန် လိုအပ်နေပြီဖြစ်တဲ့ ကန်ပိုက်တီး

မြန်မာ-တရုတ်နယ်စပ်ရှိ ကန်ပိုက် တီး   နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၀၉ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကုန် သည်အသင်းကို ဖွဲ့စည်းခဲ့သော်လည်း  ယခုအချိန်အထိ  တရားဝင်ကုန်သည် အသင်းဖွဲ့စည်းနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ အစိုးရအသစ်   လက်ထက်မှာတော့ ခိုင်မာသော ကုန်သည်အသင်းကို ဖွဲ့ စည်းနိုင်ရေး ပြည်နယ်စီးပွားရေးဝန်ကြီး မှ တိုက်တွန်းလျက်ရှိရာ ကုန်သည်လုပ် ငန်းရှင်များစုစည်းပြီး အသင်းအား ဖွဲ့ စည်းစေလိုကြောင်း၊   ကုန်သည်အရေ အတွက်လည်း  တိုးပွားလာပြီဖြစ်တဲ့ အတွက် ခိုင်ခိုင်မာမာထူထောင်သင့်ပါ ကြောင်း၊ ကန်ပိုက်တီးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းနိုင် က ပြောကြားတယ်လို့ သိရပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက် ရာမှာ RUMFCCI   အသင်းချုပ်မှာ ပါဝင်တဲ့အပြင် သက်ဆိုင်ရာ နယ်စပ် ကုန်သည်  အသင်းဝင်လည်းဖြစ်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ဖြေလျော့ မှုများ ပေးနေလျက်ရှိရာ ကုမ္ပဏီများ သာမက လုပ်ငန်းရှင်အငယ်များလည်း လုပ်သာကိုင်သာရှိဖို့  Individual Trading  ကတ်များလည်း ထုတ်ပေးဖို့ အစီအစဉ်လည်းရှိကြောင်း၊ ရင်းနှီးငွေ နည်းပါးသူများ ရောင်းဝယ်ရေးကတ် ပြုလုပ်ပြီး ဆောင်ရွက်နိုင်တော့မှာဖြစ် ကြောင်း  ကုန်သည်အသင်းဝင်ပြီးမှ တစ်ဦးချင်း ရောင်းဝယ်ရေးကတ် ထုတ် ပေးမှာဖြစ်ကြောင်း စခန်းတာဝန်ခံက ကန်ပိုက်တီး   နယ်စပ်ကုန်သွယ်ရေး စခန်းမှာလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ အသိပေးပြောကြား ခဲ့တာ ဖြစ်ပါတယ်။ တက်ရောက်လာကြတဲ့ ကုန်သည် များအနက် မြောက်ပိုင်းကုမ္ပဏီဒါရိုက် တာ ဦးမြတ်သူက ၂၀၁၀ ပြည့်နှစ်တွင် ကန်ပိုက်တီး  ကုန်သည်အသင်းအား  စုစည်းခဲ့ဖူးကြောင်း၊ ယခင်ဖွဲ့စည်းစဉ်  က အသင်းဝင်အင်အား  နည်းပါး၍ အသင်းဖွဲ့စည်းသည့်     အဆင့်ထိ မရောက်ရှိခဲ့သဖြင့် ယခုအခါ စခန်း တာဝန်ခံမှ ဦးဆောင်ပြီး အသင်းဖွဲ့စည်း နိုင်ရေး ဆောင်ရွက်ပေးစေလိုတယ်လို့ အစည်းအဝေးမှ တင်ပြဆွေးနွေးခဲ့တယ် လို့ သိရပါတယ်။Source: နကသ (ကန်ပိုက်တီး)  ရင်ငြိမ်းအေး