အင်ဒိုနီးရှားမှ အစားအစာလုံခြုံမှုအတွက် မြန်မာ၊ ကမ္ဘောဒီးယားတို့နှင့် ပူးပေါင်းဆောင်ရွက်မည်
အင်ဒိုနီးရှားအစိုးရက စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆန်ထုတ်လုပ်တဲ့နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ အင်တာရာသတင်းဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ ဆန်ထုတ်လုပ်တဲ့ တိုင်းပြည်တွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ မြန်မာတို့နဲ့ပူးပေါင်းပြီး ဆန်သိုလှောင်နိုင်မယ်ဆိုရင် အစားအစာလုံခြုံမှု အတွက် ပိုမိုကောင်းမွန်မှာသေချာကြောင်း စီးပွားရေးဝန်ကြီးက ပြောကြား ပါတယ်။ ပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းရှိပေမယ့် အင်ဒိုနီးရှားအနေနဲ့ ၎င်းင်း နိုင်ငံများက ဆန်တင်သွင်းမှာဖြစ်တယ်လို့ မဆိုလိုကြောင်း ၎င်းကပြောကြား ခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံတို့က ဆန်ကြိတ်ခွဲမှု၊ ဖွံ့ဖြိုးရေးနဲ့ပတ် သက်ပြီး အင်ဒိုနီးရှားကိုဖိတ်ခေါ်မယ်လို့သိရပါတယ်။ ပူးပေါင်းဆောင်ရွက် မှုက ဆန်ကြိတ်ခွဲရေး နည်းပညာဖွံ့ဖြိုးမှုအတွက် ရည်ရွယ်ထားကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရက စိုက်ပျိုးရေးဝန်ကြီးကို မြန်မာနဲ့ ကမ္ဘောဒီးယားတို့ကို ပူးပေါင်းဆောင်ရွက်မှုအတွက် စေလွှတ်မယ် လို့ သိရပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကို အမျိုးသားထောက်ပံ့ပို့ ဆောင်ရေးအေဂျင်စီ (Bulog) က အဓိကဦးဆောင်လှုပ်ရှားပြီး ပြည်တွင်း အစားအစာရောင်းလိုအား ပြည့်မီရေး၊ ဆန်အရန်ထားရှိရေး၊ ဆန်ဈေးနှုန်း တည်ငြိမ်ရေးသာမက နိုင်ငံတကာနဲ့ ရင်းနှီးကျွမ်းဝင်မှုအတွက်လည်း ရည် ရွယ်တယ်လို့ သိရပါတယ်။ Source:BERNAMA, K.Z.W
