Main menu

Background

နေ့စဉ်အတက်အကျများရှိနေတဲ့ မြန်မာ့ရွှေဈေးကွက်

Sun, 03/25/2012 - 06:51 -- Anonymous (not verified)

မြန်မာ့ရွှေဈေးကွက်ဟာ တစ်ပတ် အတွင်းမှာ အတက်အကျများ ရှိခဲ့တဲ့ အတွက် ရွှေဝယ်စုသူများအတွက် ဒုက္ခ များဖြစ်နေရတဲ့  ရက်သတ္တပတ်ဖြစ်နေ ကြောင်း သိရသည်။ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးကျ ဆင်းမှုနှင့်အတူ ဆက်တိုက်ဆိုသလိုကျ ဆင်းလာခဲ့ရာ  ရွှေဝယ်ရောင်းလုပ်သူ များအတွက် သောကမအေး ဖြစ်ခဲ့ရ ကြောင်း သိရသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်း က မြန်မာ့ရွှေဈေးသည် အမြင့်ဆုံး ကျပ် ၇၆၀၀၀၀  သို့ ရောက်ရှိခဲ့ပြီးနောက်ပိုင်း တွင် တဖြည်းဖြည်း ပြန်လည်ကျဆင်း လျက်ရှိကာ အကျဘက်သို့ ဦးတည် လာခဲ့သည်။ သို့သော်  ယခုတစ်ပတ် အတွင်းတွင်မူ အကျဘက်ကို ဦးတည် လာခဲ့သည့် မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ ရွှေဈေးကျဆင်းမှုနှင့်အတူ  အကျဘက် ကို ဦးတည်လာခဲ့သည်။မတ် ၁၂ရက်က ကမ္ဘာ့ရွှေဈေး သည် တစ်အောင်စလျှင်၁၇၀၄ဒေါ်လာ ရှိနေချိန်တွင်     မြန်မာ့ရွှေဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၃၂၀၀၀ရှိခဲ့သည်။ ထို့နောက် တဖြည်း ဖြည်း ကျဆင်းလာခဲ့ရာ မတ် ၁၄ ရက် တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၆၇၇ ဒေါ်လာရှိနေချိန်တွင် မြန်မာ့ ရွှေဈေးသည် ကျပ် ၇၂၈၀၀၀ သို့ ကျ ဆင်းလာခဲ့သည်။သို့သော် မတ် ၁၅ ရက်တွင် ကမ္ဘာ့ ရွှေဈေးသည် ၁၆၄၃ဒေါ်လာသို့ ကျ ဆင်းခဲ့သော်လည်း မြန်မာ့ရွှေဈေးမှာမူ ၇၂၉၀၀၀ ကျပ်သို့  ပြန်တက်လာခဲ့ သည်။ ထို့ပြင်ကမ္ဘာ့ရွှေဈေးသည် မတ် လ ၁၆ရက်နေ့တွင် ၁၆၆၁ဒေါ်လာသို့ ပြန်တက်လာခဲ့သော်လည်း  မြန်မာ့ရွှေ ဈေးသည် ကျပ် ၅၀၀ သာ ပြန်တက် လာခဲ့သည်ကို တွေ့ရသည်။ယင်းကဲ့သို့ဖြစ်ရခြင်းမှာ  ကမ္ဘာ့ရွှေ ဈေး နေ့စဉ်အတက်အကျများဖြစ်နေ ခြင်းကြောင့် မြန်မာ့ရွှေဈေးမှာလည်း နေ့စဉ်အပြောင်းအလဲများဖြစ်နေကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။"ဒီတစ်ပတ်အတွင်းမှာ   ဆိုရင် ကမ္ဘာ့ရွှေဈေးကနေ့တိုင်းအပြောင်းအလဲ တွေဖြစ်နေတယ်။     ကမ္ဘာ့ရွှေဈေး အပြောင်းအလဲဖြစ်တိုင်း မြန်မာ့ရွှေဈေး ကလည်း လိုက်ပြီးပြောင်းနေတာပဲ။ အဲ ဒီလို အချိန်နဲ့အမျှ အတက်အကျတွေ ဖြစ်နေတော့ ရွှေဝယ်ရောင်းလုပ်တဲ့သူ တွေအထိနာမှာစိုးတော့အရောင်းအဝယ် မလုပ်ကြတော့ဘူး။ အရောင်းအဝယ် က ပုံမှန်လောက်ပဲရှိတယ်"ဟု သုံးသပ် ပြခဲ့သည်။                မယ်သီတာ