Main menu

Background

တစ်ပတ်အတွင်းအားကစားသတင်းတိုများ

Sun, 03/25/2012 - 06:58 -- Anonymous (not verified)

-    မကွေးအက်ဖ်စီအား အနိုင်ရသောပွဲတွင် ကမ္ဘောဇအသင်းမှ ဂိုးသမားနှစ်ဦး စလုံး ဒဏ်ရာရရှိခဲ့ရာ ပထမဂိုးသမား ကျော်ဇင်ထက်မှာ ခါးဒဏ်ရာရရှိခဲ့ပြီး ၎င်းင်းနေရာ အစားဝင်လာခဲ့သည့် အရန်ဂိုးသမား ရဝေဇင်မှာ မကွေးအသင်း နောက်ခံလူ ကိုနေးနှင့်ထိခိုက်မိပြီး သတိလစ်မေ့မျောခဲ့ရာဆေးရုံတက်ရောက်  ကုသခဲ့ရကြောင်း၊ ယခုအခါ ၎င်းတို့နှစ်ဦးစလုံး ကောင်းမွန်နေပြီ ဖြစ်ကြောင်း သိရသည်။-    ရတနာပုံနှင့် ဧရာဝတီယူနိုက်တက်တို့၏ ဗထူးကွင်းတွင်ကစားခဲ့သည့်ပွဲစဉ်      တွင် ဧရာဝတီယူနိုက်တက် ကွင်းလယ်လူ အောင်ကျော်မျိုး၏ပွဲအစ ၂၇ စက္ကန့်တွင် သွင်းယူခဲ့သည့်ဂိုးသည် ပွဲစဉ် (၈)တွင် ဟံသာဝတီအသင်းအတွက် ပွဲအစ ၄၇မိနစ်တွင်သွင်းယူခဲ့သည့်မြင့်နိုင်၏ဂိုးထက် မြန်မာနေရှင်နယ်လိဂ် အမြန်ဆုံး ဂိုးစံချိန်ကို ချိုးဖျက်နိုင်ခဲ့ကြောင်း  သိရသည်။-    ဗဃန ဖူဆယ်အသင်းသည် ထိုင်းလက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်ကစား  သမားတစ်ဦးတို့ကို ခေါ်ယူရန် စီစဉ်ခဲ့သော်လည်း ယင်းကစားသမားနှစ်ဦးမှာ ပြိုင်ပွဲကစားသည့်အချိန်ကျမှ အသင်းနှင့်ပူးပေါင်းရန် တောင်းဆိုခဲ့သော ကြောင့် ခေါ်ယူရန်ပျက်ပြယ်ခဲ့ကြောင်း သိရသည်။-    ကမ္ဘောဇအသင်းသည် 2012 MNL Youth Competition တွင်ဝင်ရောက်ယှဉ်  ပြိုင်မည့်ကမ္ဘောဇလူငယ်အသင်းဖွဲ့စည်းနိုင်ရန်လူငယ်ဘောလုံးသမားများအား ကျွမ်းကျင်မှုအလိုက် လစာ ကျပ်သုံးသိန်းမှ ကျပ်၁၀သိန်းအထိ ပေးအပ်မည် ဖြစ်ရာ ဘောလုံးကျွမ်းကျင်သူများ၊ ဝါသနာရှင်များလျှောက်ထားနိုင်ကြောင်း သိရသည်။-    ကမ္ဘောဇနှင့် မကွေးအက်ဖ်စီတို့ပွဲတွင်တစ်ပွဲတည်း၌ အဝါနှင့်အနီငါးကတ်ပြသ ပြီး ပြစ်ဒဏ်ပေးခြင်းခံခဲ့ရသည့် မကွေးအက်ဖ်စီ အသင်းအား ဒဏ်ငွေ ကျပ် တစ်သိန်းပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။