Main menu

Background

တစ်ပတ်အတွင်းအားကစားသတင်းတိုများ

Sun, 03/25/2012 - 07:02 -- Anonymous (not verified)

-    မန်ယူတိုက်စစ်မှူး ဒီမီတာဘာဘာတော့ဗ်ကို အသင်းမှထွက်ခွာခွင့်ပေးထား ကြောင်းမန်ယူအသင်း၏မန်နေဂျာဖာဂူဆန်ကထုတ်ဖော်ပြောကြားလိုက်သည်။-    လီဗာပူးအသင်းသည် ရိန်းဂျားစ်အသင်း၏ ကွင်းလယ်လူ ယန်းမားဗီးလားကို ခေါ်ယူရန် အာဆင်နယ်နှင့် ရီးရဲမက်ဒရစ်အသင်းတို့နှင့်အပြိုင် ကြိုးပမ်းနေ ကြောင်း သိရသည်။-    ချန်ပီယံလိဂ်တွင် ဘာစီလိုနာအသင်းနှင့်ထိပ်တိုက်ရင်ဆိုင်ရပါက လုံးဝစိုးရိမ် မည်မဟုတ်ကြောင်းရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးမာဆယ်လိုကပြောကြားသည်။-    ဘာစီလိုနာအသင်းနောက်ခံလူ အဲရစ်အဘီဒယ်အနေဖြင့် အသည်းကင်ဆာ ရောဂါဝေဒနာခံစားနေရမှုအား သက်သာပျောက်ကင်းရန်အတွက် အသည်း အစားထိုးကုသမှုကို ခံယူမည်ဖြစ်ကြောင်း သိရသည်။-    အင်တာမီလန်အသင်းသည် ရှုံးပွဲများနှင့်ဆက်တိုက်ရင်ဆိုင်နေရခြင်းကြောင့် နည်းပြကလော်ဒီယိုရာနီရေရီ၏နေရာတွင် ချဲလ်ဆီးအသင်းမှထွက်ခွာလာ သည့် အင်ဒရေဘိုအာ့စ်ကို အစားထိုးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။-    ကမ္ဘာ့အဆင့်တစ် တင်းနစ်ချန်ပီယံ ဂျူကိုဗစ်သည် အင်ဒီယန်းဝဲလ်တင်းနစ် ပြိုင်ပွဲ၏ဒုတိယအကြိုဗိုလ်လုပွဲတွင် စပိန်နိုင်ငံသားနီကိုလပ်စ် အယ်လ်မာဂရိုကို ၆-၃၊ ၆-၄ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ရာ အကြိုဗိုလ်လုပွဲသို့တက်ရောက်သွား ပြီဖြစ်သည်။-    အသက် ၁၉နှစ်အရွယ်ရှိ ဝေးလ်လူငယ်ဂေါက်သီးသမား ဒန်အိုကော်နာသည် The Belfry  တွင်ကျင်းပသည့် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကျင်းအမှတ်(၁၀)၌ တစ်ချက်တည်းဖြင့် ကျင်းဝင်အောင်ရိုက်နိုင်ခဲ့ရာ ဗြိတိသျှဂေါက်သီးသမိုင်းတွင် ပထမဦးဆုံးသော တစ်ချက်တည်းကျင်းဝင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။