မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ဖေဖော်ဝါရီ ၂၉ ရက်က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ သစ် တောထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ဝဥခြောက်၊ ဆီး သီးခြောက်၊ မန်ကျည်းသီးမှည့်နဲ့ သရက်ပြား ခြောက်များကို ယခုအခါ လားရှိုးမှာမျှောအသစ် လဲလှယ်ရန် မလိုတော့ဘဲ မန္တလေးမှ မူဆယ်ထိ တိုက်ရိုက်ထုတ်ပေးနေပြီဖြစ်လို့ လမ်းခရီး၌ ကြန့် ကြာမှုများ မရှိတော့ကြောင်း၊ ၁၆ မိုင် ကျောက် ချောစခန်းမှာ ပုပ်သိုးလွယ်ပစ္စည်းများ စစ်ဆေး ကြန့်ကြာမှုမရှိစေရန် ဌာနဆိုင်ရာ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ပေးပြီးဖြစ်လို့ ၂၄ နာရီဖြတ် သန်းသွားလာနိုင်ခွင့်လည်း ရရှိနေပြီဖြစ်ကြောင်း စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးဝင်းတင်က အသိပေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။သစ်သီးဝလံအမျိုးမျိုးအပါအဝင် ဥယျာဉ်ခြံ မြေထွက်ပစ္စည်းများကိုလည်း ကုန်သွယ်လုပ်ငန်း ခွန်ကင်းလွတ်ခွင့်ကို ၂၀၁၂ ခုနှစ် မတ် ၁ ရက်မှ သြဂုတ် ၁၄ ရက်ထိ ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် လိုင်စင်ပြင်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ယာဉ်ယန္တရားကြီးများရဲ့ လိုင်စင်ပါအချက်အလက် များကို ပြင်ဆင်လိုပါက နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာန၊ နေပြည်တော်သို့ ကြေးနန်းဖြင့်တင်ပြပြီး ရုံး ချုပ်ရဲ့ ခွင့်ပြုချက်အရသာ ဆောင်ရွက်ရမယ်လို့ ညွှန်ကြားရေးမှူး ဦးဝင်းတင်ကဆိုပါတယ်။ကျန် လိုင်စင်ပြင်ဆင်မှုများအတွက် လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီသော ပြင်ဆင်မှုများကို ခွင့်ပြုပေးမှာ မဟုတ် ကြောင်းနဲ့ ငွေကြေးအမျိုးအစား^အရေ အတွက်များကို ပြင်ဆင်ပေးမည်မဟုတ်ကြောင်း၊ လိုင်စင်ပြင်ဆင်မှုများကို ကုန်ပစ္စည်း တင်သွင်း ချိန်မှာ အချိန်နဲ့တစ်ပြေးညီ ပြင်ဆင်ခွင့်ပြုပေးမယ် လို့ ကုန်သည်လုပ်ငန်းရှင်များကိုလည်း ညွှန်ကြား ရေးမှူး ဦးဝင်းတင်က အသိပေးပြောကြားခဲ့ပါ တယ်။ Source: နကသ (မူဆယ်)MIRT (DOBT)
Background