Main menu

Background

ဈေးကွက်က ပြဋ္ဌာန်းတဲ့ ဈေးနှုန်း

Sun, 03/25/2012 - 07:21 -- Anonymous (not verified)

နိုင်ငံတော်အနေဖြင့် ပြည်ပပို့ကုန်များအပေါ် ထိုက်သင့်သလို အခွန်စည်းကြပ်ကောက်ခံလျက်ရှိရာ ပြည်ပသို့တင်ပို့ရောင်းချသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မှန်ကန်စေရေး၊ နိုင်ငံတော်အတွက် ရသင့်ရ ထိုက်သော အခွန်အခများ အပြည့်အဝရရှိစေရေး၊ တင်ပို့ရောင်းချသူ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မျှတသောယှဉ်ပြိုင်နိုင်မှုရှိစေရေးအတွက် ကုန်ပစ္စည်းဈေးနှုန်းများအား ယခင်က သက်ဆိုင်ရာလုပ်ငန်း ရှင်များ၊ အသင်းအဖွဲ့များ၊ သက်ဆိုင်သော ဌာနဆိုင်ရာတာဝန်ရှိသူများဖြင့် ပြည်တွင်း ပြည်ပ လက်ရှိ ဖြစ်ပေါ်နေသော ဈေးနှုန်းများအပေါ် လေ့လာသုံးသပ်ကာ ဖြစ်သင့်သော ဈေးနှုန်းတစ်ရပ်ကို အားလုံး ပါဝင်ညှိနှိုင်းသဘောတူညီမှု အရဈေးနှုန်းများညှိနှိုင်းဆောင်ရွက်စေခဲ့ပါသည်။၂၀၁၁ ခုနှစ် နိုင်ဝင်ဘာ ၁၈ ရက်မှစ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဈေးနှုန်းအစည်းအဝေးများပြုလုပ်ပေးခြင်း၊ ဈေးနှုန်းညှိနှိုင်းအတည်ပြုပေးခြင်းများ ဆောင်ရွက်ခြင်းမပြု တော့ဘဲ သက်ဆိုင်ရာအသင်းအဖွဲ့များ၏ ထိန်းကျောင်းညှိနှိုင်းတင်ပြပေးသော ဈေးနှုန်းများအတိုင်း ပို့ကုန်လိုင်စင်များ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံ၏ အဓိကလယ်ယာ ကိုင်းကျွန်းထွက် ပို့ကုန်ဖြစ်သော ပဲမျိုးစုံအတွက်မူ ပြည်တွင်းတွင် ခိုင်မာသော ဈေးကွက်တစ်ခု ဖြစ်ပေါ် လာစေရေး ဈေးကွက်ကပြဋ္ဌာန်းသော အမှန်ဈေးနှုန်းများဖြင့် ဆောင်ရွက်နိုင်စေရေးတို့ အတွက် မြန်မာ နိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း (ကုန်စည်ဒိုင်) ဘုရင့်နောင်တွင် နေ့စဉ်ဈေးကွက်ပေါက်ဈေးများအတိုင်း အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုရောင်းချစေ၍ ၎င်းင်းစာချုပ်ပါ အမှန်ဈေးနှုန်းများအတိုင်း ပို့ကုန်လိုင်စင် များခွင့်ပြုပေးလျက်ရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံဈေးနှုန်းများအား ယခင်ဌာနမှကြီးကြပ်၍ ဈေးနှုန်း အစည်းအဝေးများကျင်းပ ညှိနှိုင်းပေးစဉ်ကတည်းကပင် ဘုရင့်နောင် ကုန်စည်ဒိုင်၏ နေ့စဉ်ဈေးကွက် ပေါက်ဈေးများအတိုင်း ပို့ကုန်လိုင်စင်များ ခွင့်ပြုပေးလျက်ရှိကြောင်း သိရှိရပါသည်။ပဲမျိုးစုံဈေးနှုန်းများအနေဖြင့် သက်ဆိုင်ရာဌာနမှ ထိန်းကျောင်းကြပ်မတ် သတ်မှတ်ပေးခြင်း တစ်စုံ တစ်ရာမရှိဘဲ အမှန်ဈေးကွက်ပေါက်ဈေးအတိုင်း ဆောင်ရွက်ခွင့်ပြု ပေးလျှက်ရှိရာ လက်ရှိအခြေအနေ တွင် ဘုရင့်နောင်ကုန်စည်ဒိုင်၌ နေ့စဉ်ရောင်းဝယ်မှုပမာဏ တိုးတက်မြင့်မားလာနေသော်လည်း ဈေးနှုန်း အနေဖြင့် ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။     ထိုသို့ ဈေးနှုန်းကျဆင်းရခြင်းသည် အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှု၊ ထွက်ရှိမှုနှင့်ဈေးကွက်ဝယ်လို အားကြောင့်ကျဆင်းရခြင်းဖြစ်ကြောင်း ကုန်သည်လုပ် ငန်းရှင်များမှ သုံးသပ်ကြကြောင်း သိရှိရပါသည်။ သို့ဖြစ်၍ ပဲမျိုးစုံဈေးကွက်၏ ဈေးနှုန်းများကို ဝန်ကြီးဌာန၊ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းနှင့် ကုန်စည်ဒိုင်တို့မှ သတ်မှတ် ခြင်းမဟုတ်ဘဲ ဈေးကွက်ဝယ်လိုအား နှင့် ရောင်းလိုအားတို့ကသာ ပြဌာန်းပါကြောင်း လေ့လာတင်ပြအပ်ပါသည်။             သက်နိုင်ဦး