မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ပဲခူးတိုင်းဒေ သကြီးအနောက်ပိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှ TPIS ဝန်ထမ်းများ က အချိန်အခါမဟုတ်မိုးကြောင့် ရိတ်သိမ်းပြီးမတ်ပဲများ လေလွင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ အရည်အသွေး မကျဆင်းစေရေးအတွက်၊ ကြို့ပင်ကောက်မြို့နယ် ဆိုင်ချောင်းကျေးရွာရှိ မတ်ပဲစိုက်ပျိုးတောင် သူ ၁၅ ဦးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာမှာ မတ်ပဲသီးနှံပင်များ ၉၀ ရာခိုင်နှုန်းခန့် ရိတ်သိမ်းပြီးစီးနေကြပြီး၊ နယ်လှေ့ပြီးစီးမှုမှာလည်း ၅၀ ရာခိုင်နှုန်း ပြီးစီးလောက်ပြီးဖြစ်ပါတယ်။ အချိန်အခါမဟုတ် မိုးရွာ နိုင်သဖြင့် နယ်လှေ့ရန်ကျန် မတ်ပဲများ လေလွင့်ပျက်စီးဆုံးရှုံးမှု မရှိစေရန်နဲ့ အရည်အသွေး မကျဆင်းစေရန်အတွက် ရိတ်သိမ်းရန် ကျန်ပဲပင်များ ရင့်မှည့်ပါက အမြန်ရိတ်သိမ်းရန်လိုအပ်သလို၊ ရိတ် သိမ်းပြီး မတ်ပဲများကိုလည်း ကြာမြင့်စွာအခြောက်လှန်းခြင်း၊ စုပုံထား ခြင်းမပြုဘဲ၊ ခြွေလှေ့စက်အသုံးပြုခြင်း၊ ထွန်စက်ငယ်များကို အသုံးပြု ခြင်းနဲ့မိုးရွာလာပါက အုပ်ဆိုင်းရန်မိုးကာဖျင်များ အဆင်သင့်ဆောင် ထားရန်လိုအပ်ကြောင်း၊ သို့မှသာထွက်ရှိလာတဲ့ ပဲအားလုံး အရည် အသွေးကောင်းမွန်ပြီး ဈေးကောင်း အပြည့်အဝရှိနိုင်မှာဖြစ်ကြောင်း ဆွေးနွေးပါတယ်။ ဆွေးနွေးပွဲတက်ရောက်လာသူများထဲမှ ပဲစိုက်တောင်သူတစ်ဦး ပြန်လည်ဆွေးနွေးရာမှာ မိမိတို့အနေနဲ့ ယခင်နှစ်က ပဲအထွက်နှုန်း ကောင်းသော်လည်း ပဲနယ်လှေ့ချိန်မှာ မိုးစိုလို့ လေလွင့်ဆုံးရှုံးမှုများ ရှိသဖြင့် ယခုနှစ်မှာ ဝီရိယထားလို့ မိုးမမိစေရန် အမြန်ရိတ်သိမ်းခြွေ လှေ့ခဲ့ပါကြောင်း၊ ပဲအထွက်နှုန်း အရင်ကထက်လျော့ခဲ့ပြီး၊ ပဲဈေးမှာ လည်း တစ်တင်း ၁၀၅၀၀ ကျပ်ဈေးသာ ရှိနေသဖြင့် မိမိတို့တောင် သူများ အကျိုးအမြတ်မရှိတဲ့အပြင် ကုန်ကျစရိတ်မကာမိဖြစ်နေတာ ကြောင့် မိုးစပါးကို နိုင်ငံတော်အရန်ဆန်အတွက် စပါးဝယ်ယူသလို တောင်သူတွက်ခြေကိုက်နိုင်တဲ့ မတ်ပဲဈေးနှုန်းသတ်မှတ်ကာ ဝယ်ယူ ပေးနိုင်ရေး ဆောင်ရွက်ပေးစေလိုကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါ တယ်။ စိုးငြိမ်း
Background