ပြည်ပ ဝယ်လိုအားရှိနေတဲ့ ဧရာ သီဟိုဠ်စေ့ဈေးကွက်
ဧရာဝတီတိုင်း ဒေသကြီးအတွင်း နှစ်ရှည်သီးနှံများမှာ ပြည်ပဝင်ငွေရရှိ နေတဲ့ သီဟိုဠ်စေ့ဈေးကွက်မှာ ဖေဖော် ဝါရီလမှ မိုးမရွာခင် မေလအထိ ဈေး ကွက်ဝင်ရောက်လျက်ရှိကြောင်း သိရ ပါတယ်။သီဟိုဠ်ပေါ်ချိန်မှာ တစ်ပိဿာ ၁၄၀၀ ကျပ် - ၁၅၀၀ ကျပ် ဈေးနှုန်းနဲ့ ဝယ်ယူလျက်ရှိသော်လည်း ယခုသီဟိုဠ် လှိုင်ချိန်မှာ တစ်ပိဿာ ၁၆၀၀ ကျပ် -၁၆၅၀ ကျပ်ဈေးနှုန်းနဲ့ အဝယ်ဒိုင်မှ တစ်နေ့ အနည်းဆုံး ပိဿာ ၈၀၀ -၁၀၀၀ မှ အများဆုံး ၂၅၀၀ - ၃၀၀၀ -၃၅၀၀ပိဿာအထိ ဝယ်ယူရရှိကြောင်း သိရပါတယ်။သီဟိုဠ်ပေါ်ချိန် အချိန်ခါမဲ့ မိုးရွာ ရင်၊ နှင်းခါးများကျရင် သီဟိုဠ်အရည် အသွေးကျဆင်းပြီး ဈေးနှုန်းကိုလည်း ထိခိုက်မှုရှိကြောင်း သိရပါတယ်။ ရာသီ ဥတုပူရင် သီဟိုဠ်အထွက်ကောင်းပြီး၊ ယခုနှစ်ရာသီမှာ သီဟိုဠ်အထွက်နှုန်း ကောင်းကြောင်း သရဖူသီဟိုဠ်စေ့ အဝယ်ဒိုင်မှ သိရပါတယ်။ အဝယ်ဒိုင် များမှ သီဟိုဠ်ကုန်ကြမ်းများကို ရန်ကုန် ကို တင်ပို့ရောင်းချခြင်းနဲ့ ပုသိမ်မြို့ရှိ သီဟိုဠ်ခွဲစက်များမှလည်း ကုန်ချောများ ပြုလုပ်ပြီး ပြည်ပကို တိုက်ရိုက်တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။သာပေါင်းမြို့နယ် ချောင်းသာ၊ ငွေ ဆောင်၊ ဆင်မ၊ ငရုတ်ကောင်း၊ ရှောပြာ၊ တကုန်းကြီး ကျေးရွာများနဲ့ ပင်လယ်ပိုင်း ဒေသများမှာ အများဆုံး လာရောက် ရောင်းချလျက်ရှိကြောင်း ဈေးကွက်မှ သိရပါတယ်။ မင်းမင်းဦး
