Main menu

Background

သဘာဝဘေးဒဏ်မကြုံမီက အခြေအနေသို့ ဂျပန်စီးပွားရေးပြန်ရောက်

Sun, 03/25/2012 - 07:43 -- Anonymous (not verified)

    လွန်ခဲ့တဲ့ တစ်နှစ်က ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် ပေါ်လာတဲ့ ရေလွှမ်း မိုးမှုကြောင့် မီယာဖူဂျီ အင်ဒပ်စထရီ ကုမ္ပဏီရဲ့ ဝရိန်စက် ၃၀ လုံး ၂ ဒသမ ၅ မီတာအထိ ရေနစ်မြုပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့လုပ်သားတွေက လက် မြှောက် အရှုံးပေးခြင်းမရှိပါဘူး။ စီးဝင်လာ တဲ့ နုန်းတွေကို  သယ်ထုတ်ခဲ့တာ လေး တန်ကား ၆၀ လောက်ရှိပါတယ်။ ဒီလို ဆောင်ရွက်လို့ ၂၀၁၁ မတ် ၂၃ ရက်မှာ လုပ်ငန်းတွေပြန်စနိုင်ခဲ့ပါတယ်။    ယခုအခါ ကုမ္ပဏီများရဲ့ အမှာစာ တွေနဲ့ ပျက်စီးသွားတဲ့တံတားတွေ ပြင် ဆင်ဖို့အတွက် အမှာစာတွေ ရရှိထား တဲ့အတွက် လုပ်ငန်းခွင်မှာ ဆူညံနေပါ ပြီ။ လုပ်ငန်းပမာဏက ဆူနာမီမတိုင်မီ ထက် ၂၀ ရာခိုင်နှုန်း  သာလွန်နေပြီး အစိုးရအထောက်အပံ့ကိုရထားပြီးဖြစ်တဲ့ အတွက် ထုတ်လုပ်မှုပမာဏ ဒီထက် ပိုမြင့်လာမဲ့အခြေအနေရှိပါတယ်။    မီယာဖူဂျီလိုပဲ ဂျပန်စီးပွားရေးက မြေငလျင်နဲ့ ဆူနာမီကြောင့် ဖြစ်ရတဲ့ ပျက်စီးမှုကနေ ပြန်လည်ရုန်းထနေပါ တယ်။ စက်မှုကုန်ထုတ်လုပ်မှုအညွှန်း ကိန်းက ၂၀၁၁ ခုနှစ်မတ်လက ၈၂ ဒသမ ၇ ထိရောက်ရှိခဲ့ရာမှ တိုဟိုကူ ဒေသမှာ ပစ္စည်းပေးသွင်းသူတွေနာလန် ထူလာတဲ့အတွက် ဇွန်က ၉၂ ဒသမ ၆ ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ တစ် နည်းအားဖြင့် ဘေးအန္တရာယ်မကြုံမီက အဆင့်ရဲ့ ၉၅ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေရပ်ဆိုင်းရတာနဲ့ ထိုင်းနိုင်ငံမှာ ရေကြီးတာနဲ့ ဥရောပအစိုးရ ကြွေးမြီ အကျပ်အတည်းကြောင့် ယန်းငွေတန် ဖိုးမြင့်တက်တာတွေကြောင့် ဂျပန်စီးပွား ရေးကို ထိုးနှက်ခံခဲ့ရပါတယ်။ ယခုတော့ ဂျပန်နိုင်ငံရဲ့ စီးပွား ရေးလုပ်ငန်းတွေက ၂၀၁၁ ခုနှစ် မတ် ၁၁ ရက် မတိုင်မီက အဆင့်ကိုပြန်လည် နီးကပ်နေပါတယ်။Source.ajw.asahi.com